လမ်းပျက်တူရူ၊ ရှောက်လာသူကို စောင့်ရှောက်ဖို့ လာသူ လို့ ဆိုလိုချင်တာလား ခင်ဗျ
လမ်းပျက်တူရူ၊ ရှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။
မေးစရာ ဖြစ်ပါတယ်။ လမ်းလျှောက်၊ လျှောက်လှမ်းလို့ စံကိုက်သတ်ပုံအရ ရေးရတယ်။
ဒါပေမဲ့ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ်တွေမှာ အသံ၊ ကာရန်နဲ့ အားကိုယူပြီး ရေးတာမျိုးလည်း ရှိပါသေးတယ်။
ပန်းသည်ကဗျာကို သီချင်းသံသွင်းတော့ ပန်းသယ်။
"ရှင်နဲ့ နှစ်ယောက်ထဲကျမှ ရေးပြချင်ပါတယ်" မြို့မငြိမ်းရေးပြီး လေဘာတီ မမြရင် ဆိုခဲ့တဲ့ နှစ်ယောက်ထဲ ဆိုတဲ့သီချင်း
နှစ်ယောက်တည်းက စံကိုက်သတ်ပုံဖြစ်တယ်။ သီချင်းမှာ နှစ်ယောက်ထဲနေချင်တယ်
မောင်ရယ် နှစ်ယောက်ထဲဆိုရင် မောင်ရယ်
ဧဝရတ်တောင်ထိပ် နေချင်ရင်အတူသွားသွား
ရေရှားတဲ့ သဲကန္တာရ ဆာဟာရမရှောင်တယ်
နေမမြင် ရေပြင်ခဲတဲ့ မြောက်ဝန်ရိုးစွန်းကိုပဲ ခေါ်ခေါ်ပျော်ပါတယ်
သဲသဲမဲမဲ ဇွဲနဲ့ နှစ်ယောက်ထဲနေချင်တယ်။ ။
နှစ်ယောက်ထဲ (မြို့မငြိမ်း - လေဘာတီမမြရင်) https://www.youtube.com/watch?v=XcC27108CnA
ဒေါက်တာတင့်ဆွေ
Comments
Post a Comment