မြန်မာစာကို ရန်ရှာနေသူတွေက နေ့တိုင်း။
သူတို့ကို ရီပို့လုပ်ရ၊ ဘလော့ရတာကိုက အလုပ်ကြီးတခု။
မူရင်းသတ်ပုံ၊ မူကွဲသတ်ပုံ၊ မူလွဲသတ်ပုံ၊ မူမှားသတ်ပုံစာတွေအောက်ကနေ့ နေ့စဉ်နေ့တိုင်း အကောင့်အမျိုးမျိုး ပြောင်းပြီး အနှောင့်အယှက်ပေးနေကြတယ်။
တင်ပြထားတာတွေကိုလည်း အပေါ်ယံလောက်သာ ဖတ်ပြီး ထိုကဲ့သို့ ဒုက္ခပေးနေကြတာဖြစ်တယ်။
သူတို့ထောက်ပြချက်တိုင်း တခုမကျန် တင်ပြထားပြီးဖြစ်ပါတယ်။
စာကောင်းကောင်းမဖတ်ရ၊ မသင်ခဲ့ရသူတွေက အရင်ကဟာတွေ မှားပြီး၊ အခုဟာကသာ မှန်သည်ဟု အော်နေကြတယ်။ အခုသတ်ပုံလွဲပြင်တွေကို ထောက်ခံနေကြတယ်။
သူတို့က ချတ်လုပ်သလိုလောက်သာ စာဖတ်ကြသူတွေ။
ပညာ၊ စာ၊ သုတ၊ မြန်မာစာနဲ့ အင်္ဂလိပ်စာဆိုတာ လေ့လာလို့မကုန်နိုင်ပါ။
ကျွန်တော့စာတွေကို အဘိဓာန်လိုတော့ အားမကိုးသင့်ပါ။
ကျွန်တော်လည်း ဖတ်သလောက်လေးသာ သိပါတယ်။
တချို့က ကတွတ်ပေါက်က ငါးစောင့်နေတဲ့ ဗျိုင်းလို။
တချို့က ချို တိုသတဲ့။
တချို့က ချို ရှည်သတဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment