အဲလို မဟုတ်ပါ။
မူရင်း၊ မူကွဲ၊ မူလွဲ၊ မူပြင်နဲ့ အမှားတွေအကြောင်း အကြိမ်ပေါင်းများစွာ၊ သက်သေခံနမူနာပေါင်းများစွာနဲ့တကွ အထပ်ထပ်အခါခါ တင်ပြထားပါတယ်။
တဦးချင်းကတော့ ကြိုက်မကြိုက် ပြောလိုက ပြောပါလေ။
ကျွန်တော့မှာ အာဏာမရှိ။ ကိုယ်ပိုင်စာလုံးပေါင်းမရှိပါ။
ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်လိုရေးကြာင်းတွေကိုသာ တင်ပြတယ်။
အရင်နဲ့ ယခု ကာလပိုင်းခြားပြောရ ခက်တယ်။
မြန်မာစာလည်း ခေတ်သဘောအရ ပြောင်းနေတယ်။ အပြောင်းကောင်းရင် တိုးတက် စည်ပင် ဆန်းသစ်လာတယ်။ အပြောင်းမကောင်းရင် ဆုတ်ယုတ်ကျဆင်းလာတယ်။
ကနေ့ခေတ်ကို ခေတ်ကောင်းလို့ မထင်ပါ။ အကောင်းဆုံးလို့ပြောလိုသူတွေရှိတာလည်း သိတယ်။
မတူညီမှုတွေက အမြဲလိုလိုဒွန်တွဲနေလေ့ရှိတယ်။
မမှန်တာတွေ၊ မကောင်းတာတွေက အသာစီးရတဲ့အခါလည်း ရှိတယ်။
အာဏာအမိန့်ထုတ်ရင်တော့ ငြိမ်ဝပ်ပိပြားနိုင်တယ်။ အဲတာလည်း တာရှည်မခံပါ။
ပညာကို ပညာနဲ့ ဝေဘန်ဆန်းစစ်မှုက အားသာချိန်မှာ မြန်မာစာလည်း အသက်ရှူရ ချောင်တယ်။ အခုတော့ "တစ်" နေတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment