Skip to main content

ည တ ည

ပန်းပွင့်ကြာလျှင်-

ငွေသားပြင်ကျယ်၊ အမှောင်နယ်မှ

အလယ်ရောက်လှာ၊ ထိုအခါသည်

ကဗျာဆန်သော၊ ညဉ့်တကြောတွင်

ဖွေမောလှိုက်ဆူ၊ ပြန့်မွှေးကြူသည့်

ချစ်သူအတွက်၊ ကြာငုံများ။ ။

မြရေကြည်အိုင်

မျက်နှာဆိုင်၍၊ ခေါ်တိုင်မလာ

တနေရာမှ၊ ကြာငုံပွင့်ဖူး

ကခုန်မြူးပြီး၊ လေရူး‌ဝှေ့ရမ်း

မင်းနှုတ်ခမ်းနှင့်၊ နမ်းမိသောခါ

သူ့မျက်နှာ၌၊ မီးဝါရောင်စုံ

အကြည့်ဆုံမှ မီးပုံသွယ်ချိတ်

လျှံလက်ဖိတ်သည်၊ မြရိပ်ကြာအိုင်ပွင့်ပန်းငုံ။ (မောင်မဟာ)

အထောက်တော်မဂ္ဂဇင်း ၁၉၆၀

Listener's Heaven Audiobooks - အသံစာအုပ်

၁၉၆၀ ခုနှစ်မှာ အာဏာမသိမ်သေးပါ။ ၁၉၆၂ မှာ တိုင်းပြည်အာဏာသိမ်းတယ်။ ၁၉၈၆ မှာ မြန်မာစာအာဏာကိုပါသိမ်းတယ်။ အခုထိ တိုင်းပြည်ရော မြန်မာစာပါ မလွတ်လပ်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments