(တင်မိုး)
ငါသည် "နာမ်ပုဒ်”
နာမ်အလုပ်ကို
မလုပ်မနေ လုပ်ရသည်။
တခါကများ၊ ငါ "ကတ္တား" ပေါ့
သွားလာ ပြောဆို၊ ငါ့အလိုချည်း
ငါ့ကို ဟန့်တားမည့်သူမရှိ။
ယခုမှာကား
"ကတ္တား” နေရာ၊ နေချင်ပါလည်း
မနေသာပြန်၊ ငါသည် "ကံ” တဲ့။
တခါတရံ၊ "အသုံးခံ” တဲ့။
“နောက်ဆက်” ဩဇာ၊ ငါလိုက်နာလျက်
သဒ္ဒါ မမှန်၊ ကတ္တား ကံ တို့
ပြောင်းပြန် မှောက်ခုန်
မစုံ အနက်၊ ဝါကျပျက်သည်
အခက် ကြုံခဲ့ ပြီတကား။ ။ (တင်မိုး)
(ရှေးစာကဗျာများ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment