ဆရာမောင်သာနိုး ကလောင်အမည်နဲ့ တင်ထားတယ်။ "လူတစ်လုံး သူတစ်လုံး" တဲ့။
ဆရာမောင်သာနိုးရေးတဲ့ မူရင်းစားလုံးပေါင်း ဟုတ် မဟုတ် မသိပါ။
လူထုဦးလှရဲ့ မူရင်းစာအုပ်က "လူတလုံး"။ ပြန်ထုတ်တော့ "လူတစ်လုံး" တဲ့။
ရွှေဥဒေါင်းရေးတဲ့ မူရင်းစာအုပ်က "တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ"။ ပြန်ထုတ်တွေက "တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ"။
ကွယ်လွန်သူတွေရဲ့စာတွေသာမက သက်ရှိထင်းရှားရှိသေးတဲ့ စာရေးသူတွေပါ မကွယ်လွန်ခင်ကတည်းက စာတွေ ပျက်စီးကုန်တယ်။
ပညာပိုင်းဆိုင်ရာ မူပိုင်ခွင့်ကို နိုင်ငံတော်က ချိုးဖေါက်စေသတည်း လုပ်ထားတဲ့တိုင်းပြည်မှာ မွေးတဲ့ မြန်မာစာ ကံမကောင်းပါ။
ကံကောင်းလာပါစေသတည်း။ လူတလုံး သူတလုံးဖြစ်လာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment