ကညစ်တလက်
ပေတရွက်ဖြင့်
အသက်စတေး သွေးအလင်္ကာ။ ။
သမိုင်းပေးတာဝန်
မြတ်ကျေပွန်မှ
အမွန်စာဆို
ကြည်ညိုဦးခိုက် ကန်တော့ထိုက်၏။ ။
ကလောင်တလက်၊ မင်တစက်ဖြင့်
စာဖျက်ပေဖျက်၊ အဆိပ်တက်၍
အိပ်မက်ဝေစား၊ ပြည်သူ့ကြားတွင်
ဝိုးဝါးစမ်းလျှောက်၊ လမ်းပျောက်သောသူ
စာဆိုဟူက ရှက်ဖွယ်ပေါ့။ ။ ဒေါင်းနွယ်ဆွေ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment