Skip to main content

လမင်းတရာ အငြိမ့်

ဆေးကျောင်းအတူတက်တဲ့ သူငယ်ချင်းတယောက်က လင့် ပို့ပါတယ်။

ပန်တျာဌေးဌေးမြင့်ဟာ ကျွန်တော်တို့ဆေးကျောင်းသားခေတ်မှာ နာမည်ကြီးခဲ့တဲ့ အငြိမ့်မင်းသမီးဖြစ်ပါတယ်။ 

ပန်တျာဌေးဌေးမြင့်ကို လမင်းတရာအငြိမ့် ခေါင်းဆောင်မင်းသမီးအဖြစ်လည်း နာမည်ကြီးခဲ့တယ်။

အဲဒီခေတ်မှာ အငြိမ့်တွေခေတ်စား ထွန်းကားခဲ့တယ်။

မင်သမီးတွေသာမက လူရွှင်တော်တွေလည်း အလွန်တော်ကြတယ်။ မြို့တော်ပေါစံ၊ ရန်အောင်၊ ကျောက်နီ စတဲ့ပညာရှင်တွေ။

သဘင်ပညာဝါသနာထုံကြတဲ့ ဆေးကျောင်းသားတွေပါ ပန်တျာဌေးဌေးမြင့်နဲ့တွဲပြီး အငြိမ့်ကခဲ့ကြပါတယ်။

တရာကို တရာလို့ ရေးကြတဲ့ခေတ်လည်း ဖြစ်ပါတယ်။ 

မန္တလေး ဆေးတက္ကသိုလ် ရွှေရတုအငြိမ့် မင်းသမီး ပန်တျာ ဌေးဌေးမြင့် https://www.youtube.com/watch?v=aXELgQHXpV4

ဒေါက်တာတင့်ဆွေ

Comments