မြန်မာစာမုန်းသူများတပ်ဖွဲ့
၄ နှစ်ကြာ မသုံးဘဲထားတဲ့အကောင့်ကို ပြန်သုံးနေတာ တလလောက်ရှိပြီ
ပြန်သုံးသုံးချင်း ပေ့ချ် ၂ ခု။
60K 65K ရှိရာကနေ 62K 66K ထိရှိတာလာတယ်။
10K 12K ရှိရာကနေ 10K 18K ထိရှိတာလာတယ်။
နည်းနည်းတော့ တိုးလာတယ်။ အကောင်းဆိုးရော အဆိုးတိုးပါရှိတယ်။
မြန်မာစာပို့စ်တွေအောက်နေ အကောင့်အမည်တွေ မျိုးမျိုးနဲ့ လိုက်ပြီးနှောင့်ယှက်နေကြတာတွေရှိတယ်။ ရီပို့ + ဘလော့လုပ်ရတယ်။ ကနေ့လုပ်ရင် နောက်နေ့မှာ အကာင့်အမည်သစ်နဲ့ လာတယ်။
မှတ်မိသလောက် အကောင့်အမည်တွေက -
- Love Everywhere by Courage
- Khin Mg မောင်ရေခဲကဗျာက အလကားပါကွာ
- Dr Benard
- All about K
- ရီ မိဂျူး
- YOB
- U Can't Block Me
- Hello It's Me တဲ့။
- Fact is not Obsession ဘလော့လိုက်ပြီ။
- ဘာတွေလဲကွာ
မှတ်မထားတာတွေလည်း ရှိသည်။
နက်ဖြန် အမည်သစ်နဲ့ထပ်လာမယ်။
ပုံတွေကလည်း မိန်းကလေးပုံတွေများတယ်။ မိန်းကလေးလည်း ဟုတ်မယ်မထင်။
သူတို့က တပ်စိတ်တစိတ်လောက်ရှိတယ်။ တကောင်ကျ တကောင်တက်။
ကျန်းမာရေးနဲ့ မိသားစုစာတွေကိုတော့ ပစ်မှတ်မထား။ သူတို့စိုက်လိုက်မတ်တတ်မုန်းကြတာက မြန်မာစာ။
ပညာကို ပညာနည်းနဲ့ယှဉ်မရလို့သာ အောက်လမ်းနည်းတွေ ကြတာဖြစ်ပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment