Skip to main content

စတစ်အင်္ကျီီနဲ့ တိုက်ပုံ

ဘာလို့မြန်မာ ဝတ်စုံဝတ်ပြီး မရိုက်တာလဲဗျ

မြန်မာဝတ်စုံ ရှာရတာခက်တဲ့နေရပ်မှာ နေရပါတယ်။ 

ရာသီဥတုက တမျိုး။

ပွဲလမ်းသွားစရာတခုရှိပြန်လို့ ရန်ကုန်ထိ လှမ်းမှာထားရတယ်။ ပင်နီရောင်ကလည်း နိုင်ငံရေးပွဲမျိုးသာ သင့်တာ။

ဒီတိုင်းပြည်ကိုရောက်စ သူငယ်ချင်းဆရာဝန်ကနေ သူမြန်မာပြည်ပြန်စဉ်က ပါလာတဲ့ ပင်နီအင်္ကျီီတွေ ကျွန်တော့မိသားတစုလုံးအတွက် ယူလာပေးတယ်။ ကျေးဇူး။ ရှမ်းပင်နီ။

ဒီမြို့မှာက ချင်းစဆိုးဆိုင်တွေသာရှိတော့ တိုက်ပုံမထားကြပါ။ ၂ နာရီခရီးသွားရတဲ့ တခြားမြို့မှာတော့ ရှိသတဲ့။ အားတဲ့နေ့တော့ သွားကြည်ရဦးမယ်။

စတစ်အင်္ကျီီနဲ့ တိုက်ပုံ ရန်ကုန်ကို လှမ်းမှာရတယ်။ 

ဆိုင်တွေမှာလည်း အရွေးရခက်တယ်။ ပြောင်ပြောင် ပြောင်ပြောင်တွေ၊ အဆန်းအပြား မင်းသားဝတ်တွေကိုသာ ရောင်းကြ၊ ဝတ်ကြခေတ်။ 

ကျွန်တော်က ခေတ်နောက်ကျကျန်ရစ်သူ။

အရင်ကတော့ မန္တလေး ဈေးချို အလယ်ပေါက်က မြဂုဏ်ရောင်ဆိုင် သွားသွားဝယ်ပါတယ်။ ကြိုက်တဲ့အရွယ်၊ အရောင်၊ အကုန် အဆင်သင့်ချုပ်ပြီးသားတွေ။ လွမ်းစရာ။

ဒေါက်တာတင့်ဆွေ

Comments