Skip to main content

ကြာနီတပွင့် ဖြူတပွင့်

ကွန်မင့်တခု = တစ်ပွင့် ကအမှန်လားဆရာ

တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်နဲ့ရေးတာ လျှာရှည် + လွဲ + မမှန် + မှား။

ပန်းတပွင့်ကို စသတ်နဲ့ရေးရင် မမွှေး

လူတယောက်ကို စသတ်နဲ့ရေးရင် ရှေ့ဆက်မပြေးနိုင်။

သီချင်းတပုဒ်ကို စသတ်နဲ့ရေးရင် နားထဲမဝင်။

ဂူတလုံးကို စသတ်နဲ့ရေးရင် အထဲဝင်မရ။ အပြင်ထွက်မရ။

ထမင်းတလုတ်ကို စသတ်နဲ့ရေးရင် မျိုချမရ။

- မိုးရေတက်ရေ တဖွေးဖွေး

- ကွင်းကျယ် အဝေးဝေး

- လယ်စောင့်တဲလေး ခြေတံရှည်

- မိုးကုပ်အောက်မှာတည်

- ကြာနီတပွင့် ဖြူတပွင့်

- တဲနှင့် ပနံတင့်။ ။

၁။ ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲကကဗျာ ကြာနီတပွင့် ဖြူတပွင့်။

၂။ ကာတွန်း မြင့်သိန်းရေးဆွဲတဲ့ စံရွှေမြင့်စာအုပ်မှာလည်း ကြာနီတပွင့် ဖြူတပွင့်။

ဆရာမင်းသုဝဏ်ထက်တော်တယ်လို့ သွေးနားထင်ရောက်နေကြတဲ့ ကဗျာဆရာတွေ ပေါတယ်။ ကာတွန်းမြင့်သိန်းထက်တော်တဲ့ ကာတွန်းဆရာတွေလည်း ပေါတယ်။

ပေါ်လစီသတ်ပုံနဲ့ရေးကြတဲ့ မြန်မာစာ ပနာမတင့်ကြပါ။

ဒေါက်တာတင့်ဆွေ

Comments