တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်နဲ့ရေးတာ လျှာရှည် + လွဲ + မမှန် + မှား။
ပန်းတပွင့်ကို စသတ်နဲ့ရေးရင် မမွှေး။
လူတယောက်ကို စသတ်နဲ့ရေးရင် ရှေ့ဆက်မပြေးနိုင်။
သီချင်းတပုဒ်ကို စသတ်နဲ့ရေးရင် နားထဲမဝင်။
ဂူတလုံးကို စသတ်နဲ့ရေးရင် အထဲဝင်မရ။ အပြင်ထွက်မရ။
ထမင်းတလုပ်ကို စသတ်နဲ့ရေးရင် မျိုချမရ။
- မိုးရေတက်ရေ တဖွေးဖွေး
- ကွင်းကျယ် အဝေးဝေး
- လယ်စောင့်တဲလေး ခြေတံရှည်
- မိုးကုပ်အောက်မှာတည်
- ကြာနီတပွင့် ဖြူတပွင့်
- တဲနှင့် ပနာတင့်။ ။
၁။ ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲကကဗျာ ကြာနီတပွင့် ဖြူတပွင့်။
၂။ ကာတွန်း မြင့်သိန်းရေးဆွဲတဲ့ စံရွှေမြင့်စာအုပ်မှာလည်း ကြာနီတပွင့် ဖြူတပွင့်။
ဆရာမင်းသုဝဏ်ထက်တော်တယ်လို့ သွေးနားထင်ရောက်နေကြတဲ့ ကဗျာဆရာတွေ ပေါတယ်။ ကာတွန်းမြင့်သိန်းထက်တော်တဲ့ ကာတွန်းဆရာတွေလည်း ပေါတယ်။
ပေါ်လစီသတ်ပုံနဲ့ရေးကြတဲ့ မြန်မာစာ ပနာမတင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment