ကွန်မင့်တခု = တစ်ခေတ်မှာ တစ်ရတာပါပဲဆရာ။ မြန်မာအဘိဓာန်ကိုပြင်နိုင်ဖို့ကြိုး စားပေးပါဆရာ။
ကျွန်တော့မှာ အာဏာ မရှိပါ။ ကျွန်တော်တို့လူမျိုးက အမိန့်အာဏာနဲ့ဆို ချက်ချင်း လုပ်ချင်တာ လုပ်လို့ရတယ်။
ကျွန်တော်တသက်လုံးသင်ယူခဲ့၊ ဖတ်ရှုခဲ့၊ ရေးသားခဲ့တဲ့ စာလုံးပေါင်းသတ်ပုံတွေကို ၁၉၈၆-၈၈ ခုနှစ်လောက်ကစပြီး အမိန့်ထုတ်ပြီး ပြောင်းလိုက်ပါတယ်။
အထက်ကအမိန့်ကို ရိုသေကျိုးနွံမှုက ဆယ်စုနှစ်တွေ ကြာတော့ တဆူ၊ တခု စတာတွေကိုသာမက တရားကိုလည်း စသတ်နဲ့ရေးသူတွေ ရှိလာတယ်။ ဗိုလ်တထောင်ဘုရားကိုလည်း စသတ်နဲ့ရေးသူတွေ ရှိလာတယ်။
ဒီမိုကရေစီ တစိတ်တပိုင်းရစဉ်က မြန်မာစာအရေးကြိုးစားမလို့ရှိသေး နောက်တခါအာဏာသိမ်းတော့ ပြီးပြန်ရော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment