ကွန်မင့်
ဆရာရေးတာကလည်း မှားနေပါသေးတယ်ခင်ဗျ
[ဖျက်လို့ ဖျက်စီးဟာ ..ဖျက်လို့ဖျက်ဆီး]
[နံပတ်စဥ်...နံပါတ်စဥ်]
[နောက်ထက်လည်း...နောက်ထပ်လည်း]
အမှားမမှန်ကို ဆရာကြီးခင်ဗျ ဝေခွဲပြပေးပါ
ပါတ်
ဇာတ်နိပါတ်တော်၊
တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။
နိပါတ်ပုဒ်၊
ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊
ပါဏာတိပါတ်၊
ပိဏ္ဍပါတ်၊
သန္နိပါတ်၊
(အွန်လိုင်းသတ်ပုံကျမ်းမှာ ပါတ် တခုမှထည့်မထားပါ။)
အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ နံပါတ်စဉ်စာလုံးမပါ။ နောက်ထုတ် မြန်မာအဘိဓာန် (နောက်ထုတ်)မှာ နံပါတ်၊ နံပါတ်တုတ် လို့ပါတယ်။ အင်္ဂလိပ်လို နမ်းဘား ကနေလာလို့ အသံထွက်အရသာ ယူတယ်လို့ထင်ပါတယ်။ အဲတော့ မြန်စာစံကိုက်သတ်ပုံဟာ နံပတ်လား၊ နံပါတ်လား ပြောမရလို့ ထင်ပါတယ်။ အထောက်အထားတွေ့လာရင် ပြင်ပါမယ်။
ဖျက်ဆီးလို့ ပျက်စီးသွားပြီ https://burmese-spelling.blogspot.com/2022/08/blog-post_578.html
နံပတ်တစ် https://burmese-spelling.blogspot.com/2024/05/blog-post_154.html
နံပါတ် နှင့် နံပတ် https://dr-tint-swe.blogspot.com/2021/06/blog-post_421.html
ပက် ပတ် ပါတ် https://burmese-spelling.blogspot.com/2022/10/blog-post_800.html
'ဆရာ' နဲ့ 'ဆရာကြီး' က ဂွကျတယ်။ မနေ့ကလည်း ဆရာရေးတာ မှားနေတယ်တဲ့။ ဆရာဆိုတာ ဘယ်သူလဲ ပြန်မေးတော့မှ ကဗျာရေးတဲ့ဆရာတဲ့။ ကျွန်တော်မဟုတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment