Skip to main content

တို့အင်းယား

ဆရာ အဲတာ ဆရာမင်းသုဝဏ်ရဲ့လက်ရေးမူပါ။ တဖွေးဖွေး၊ တဝါးဝါး၊ တလျောက်တွင်၊ တဝဲဝဲ။

မိုးခါကျသော်

မိုးလအလိုက် မုတ်သုန်တိုက်၍

ကန်၌ ရေကြည် တဖွေးဖွေး။

ဆောင်းခါကျသော်

ဆောင်းလအညီ နှင်းငွေ့ရီ၍

ကန်ဆီ မှုန်တုန် တဝါးဝါး။

နွေခါကျသော်

နွေအလျောက် ကန်တလျှောက်တွင်

ရွက်ခြောက် လေထဲ တဝဲဝဲ။ (မင်းသုဝဏ် - ၂၁-၁၁-၇ဝ)

ကျေးဇူး။

အခုခေတ်ကဗျာဆရာတွေက 'တစ်' ဝဲဝဲ တဲ့။

အခုခေတ်စာရေးဆရာတွေက 'တစ်' ဖွေးဖွေးတဲ့။

အခုခေတ်မြန်မာစာဆရာတွေက 'တစ်' ဝါးဝါး။ တဲ့။

အခုခေတ်မီဒီယာတွေက ကန်'တစ်'လျှောက်တွင်

သူတို့ရေးတာတွေကို 'တစ်' မျိုးဆက်တွေက ဖတ်နေကြရတယ်။

ဒေါက်တာတင့်ဆွေ

၂၈-၇-၂၀၁၉

Comments