Skip to main content

ကျွန်ခေတ်ကို ပြန်သွားစို့

၁။ Khin Min 

သူ့ခေတ်နဲ့သုပေါ့ ဆရာက တရားသေသမားပါ ဘာမှမပြောင်းလဲခြင်ဘူးလား။

မပြာင်းလဲချင်လို့ ရေးရတယ်။

မိဘ ဆရာကို ရိုသေခြင်းအစဉ်အလာကို ခေတ်အမြင်ဆိုပြီး ပြောင်းချင်သူတွေရဲ့ ကမောက်ကအတွေးမှားနဲ့ တူနေသည်။ မလုပ်ကောင်းခင်ဗျား။ အစ်မေ အစ်ဖေလို ရေးချင်သူ။

၂။ နော်ပိုင် မှုးသစ်

ပထမနွေတညနဲ့ နောင်ထပ်နွေတစ်ညနဲ့အမှားသိလို့အမှန်ပြင်တာလားဆရာ

ယနေ့ခေတ်မှာ မြန်မာစာသာမက တချို့လူတွေရဲ့ စဉ်းစားတွေးမြင်မှုပါ ကျဆင်း ယိုယွင်း ပျက်စီးလာနေတယ်။ လူတိုင်းတာ့ မဟုတ်ပါ။

တချို့က မူရင်းစာအုပ်အမှန်ကို မှားအောင်ပြင်ထုတ်တာကိုသာ ဖတ်ဖူးကြတယ်။ မူရင်းအမှန်နဲ့ ပြင်ထုတ်အမှားကို ယှဉ်ပြီး တင်ပြတဲ့အခါ အခုလိုကွန်မင့်မျိုးတွေလာတယ်။ ခပ်ဆင်ဆင်ကွန်မင့်မျိုးရေးသူ လူ ၂၀ ကျော်ပြီ။

- မြသန်းတင့်စာအုပ် ပြင်ထုတ်တွေကို မူရင်းနဲ့တွဲတင်ပြတော့ ဆရာမြသန်းတင့် မှားတယ်တဲ့။

- မင်းသုဝဏ်ကဗျာမူရင်းတွေကို နောက်ပြင်အမှားတွေနဲ့ တွဲပြီးတင်ပြတော့ စာရိုက်သူတွေက မှားတာထင်တယ်တဲ့။

- ဇော်ဂျီကဗျာ မူရင်းနဲ့ ပြင်ထုတ်ကို ယှဉ်ပြီးတင်ပြတော့ ရှေးလူကြီးတွေက နမော်မဲ့နမာမဲ့တဲ့။

လွတ်လပ်ရေးကျောက်တိုင်ကြီးရှိပါသည်။ စာတွေလည်း မှန်အောင်ရေးထိုးထားပါသည်။ ကျောက်တိုင်ကြီးကစာတွေကိုပြင်ပြီး ကျောက်တိုင်သစ်တော့ မလုပ်ကြစေလိုပါ။

ရှေးကဟာတွေကို မှားတယ်ထင်သူတွေက တိုင်းပြည်လွတ်လပ်ရေးရတာကိုလည်း မှားတယ်လေို့ ပြောကြပါလိမ့်မည်။

ကျွန်ခေတ်ကို ပြန်သွားစို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ