Skip to main content

တံ တန်

ညှာတံလား ညှာတန်လားလည်း သိချင်ပါတယ်ဆရာ။

တံ(ဆင်တမျိုး)

တံကျင်

တံကူ(လှေ...၊ လှည်း...)

တံကောက်(တူရိယာ)

တံကောက်ကွေး

တံကဲအမှီ

တံချူ

တံခွန်

တံခါးကျင်

တံခါးခုံ

တံခါးပေါင်

တံခါးမုခ်

တံငါသည်

တံစက်မြိတ်

တံစဉ်(မြက်ရိတ်ကိရိယာ)

တံစဉ်း(ကျားလျှာမျိုး)

တံစို့

တံစိုးလက်ဆောင်

တံစုန်း(ရေမြုပ်သစ်ငုတ်)

တံစူးဝါး

တံဆိပ်ခတ်

တံညှပ်

တံတင်း(သေတ္တာ)

တံတွာသဘော

တံတွေး

တံတား

တံတိုင်း(အကာ)

တံတောင်ဆစ်

တံပြက်

တံပွတ်တံ

တံပိုး(မှုတ်စရာ)

တံပိုးလှိုင်း

တံပူ(ဒန်ပူ)

တံဖျင်ပင်

တံမျဉ်းကြိုး

တံမြက်စည်း

တံမြွာ(တူရိယာ)

တံရှည်(တူရိယာ)

တံလှပ်(တံလျှပ်)

တံသင်းငြောင့်

တံသုတ်

တံသုတ်ကျမ်း

နွားရိုက်တံဖျာ

ရေတံလျှောက်

သစ်ရွေတံစည်း

တန်ကျစ်ကွက်

တန်ကျစ်နွယ်ပင်

တန်ခိုးတေဇာ

တန်ခူးလ

တန်စမ်း(ရေထွက်)

တန်စယ်မြေ

တန်စွက်ပင်

တန်စီး(ရွှံ့)

တန်ဆင်းပင်

တန်ဆာပလာ

တန်ဆေးတမန်

တန်ဆောင်းပြာသာဒ်

တန်ဆောင်ဆီမီး

တန်ဆောင်တိုင်

တန်ဆောင်မုန်းလ

တန်တား(အမှာစာ)

တန်ပြန်-

တန်ဖိုးဖြတ်-

တန်ရှယ်(အိုးစည်)

တန်ရာတန်ကြေး

တန်ရုံသင့်ရုံ

တန်လည်းရေကျ

ထိုက်တန်

မဂ်လေးတန်၊ ဖိုလ်လေးတန် 

လက်ဆွဲတန်ဆာ

လူကြီးတန်မဲ့

အကျင့်တန်

အကျည်းတန်

အချိန်တန်

“လူကလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းရှေ့ကပျံ၊ ပျံလေတဲ့ ကိုရွှေဗျိုင်း၊ ညွှတ်တွေကဝိုင်း။” 

“ကြောင်ပါးရယ် မြီးတံတို၊ အဆီကိုစားပါလို့ အသားကိုမျို။ ကြောင်အိုပေမှေး၊ ကိုက်ပါနဲ့လေး။”

လူကလေးရဲ့အိပ်ချိန်တန် (ဆို - နွဲ့ယဉ်ဝင်း) ttps://www.youtube.com/watch?v=Vy-ammDYF0U

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ