Skip to main content

Dahlia Flowers ဒေလီယာ

မရန်းရောင် ဒေလီယာပန်း။ အသံထွက်နည်းနည်းကွဲတယ်။ Dahlia ဒါလီယာ။

Purple ကိုလည်းခရမ်းရောင်၊ Violet ကိုလည်း ခရမ်းရောင်လို့ ဘာသာပြန်တယ်။ 

Purple Sunbird က နှံပြီစုတ်ငှက်။ Purple mangosteen ကို မင်းဂွတ်သီးတဲ့။

Eggplant (brinjal) ခရမ်းသီး၊ 

Gandaria မရန်းသီး။

တိမ်ပန်းချီ

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်

တိမ်ပြာရောယှက်၊ မရန်းဖက်၍

တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်

မှောင်ခဲ့တခါ၊ ပြာခဲ့တချို့

ညိုခဲ့တလီ၊ ရီခဲ့တဖုံ

မှုန်ခဲ့တချက်

ယုဂန်ထက်က၊ လေးဖက်လုံးခြုံ

တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့

ရန်ချင်းတွေ့သော်

ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။ (ရှင်ဥတ္တမကျော်၊ တောလား)

ဒေါက်တာတင့်ဆွေ

၂၉-၇-၂၀၁၉

Comments