Skip to main content

Obey Me Game နိုင်ငံတော်အစိုးရဟူသည်

ကွန်မင့်တခု = လူတွေ ဘယ်လိုပြောင်းပြောင်း အဲ့လူတွေက (နိုင်ငံတော် အစိုးရ အသိအမှတ်ပြု) ပညာရှင်တွေ မဟုတ်လား ဆရာ။

မြန်မာပြည်မှာ အင်္ဂလိပ်လက်ထက်ကတည်းက အစိုးရတွေ အမျိုးမျိုးရှိတယ်။ 

ဂျပန့်ခေတ်မှာလည်း တမျိုး။ 

ဖဆပလခေတ်မှာလည်း တမျိုးမက။ 

မဆလ ခေတ်မှာ သမတတွေသာပြောင်းပေမဲ့ အစိုးရအမျိုးအစား တမျိုးသာရှိတယ်။ 

စစ်တပ်ကအာဏာသိမ်းတော့ တော်လှန်ရေးကောင်စီ၊ နဝတ၊ နအဖ၊ စကစ အမျိုးမျိုး။ 

လွှတ်တော်အစိုးရ ၁၀ နှစ်မှာလည်း အစိုးရ ၂ မျိုး။ 

အစိုးရအရာရှိတွေကို တက်နေတဲ့အစိုးရတွေက ခန့်တယ်။ အရင်အရာရှိအဟာင်းတွေကို ပြောင်းခန့်တယ်။

အရာရှိတွေသာမကပါ ဆရာတော်တွေကိုလည်း အစိုးရခန့်တယ်။

အစိုးရခန့်တိုင်းဟာ အမှန်တွေ ဟုတ်ချင်မှ ဟုတ်ပါမယ်။ တချို့မှန်၊ တချို့မှား၊ တချိုု့တော်၊ တချို့ညံ့။ တချို့တတ်၊ တချို့ကပ်ဖား။

တချို့ဆရာတော်တွေ ကြည်ညိုဖွယ်ကောင်း၊ တချို့ဆရာတော်တွေက ပြောင်းပြန်။

ဝါးလုံးသိမ်းကောက်ချက် ဆွဲမရပါ။

အထက်အမိန့်တိုင်းကို မှန်တယ်၊ ကောင်းတယ်လို့ ပြောမရနိုင်ပါ။

မြန်မာစာကိုတင်ပြတော့ တချို့က အစိုးရခိုင်းတာတိုင်းက မှန်တယ်၊ တရားဝင်တယ်လို့ပြောကြတယ်။ 

ကျွန်တော်ကတော့ သဘောမတူ။ ကျွန်တော့မှာ အာဏာမရှိပါ။ 

အာဏာနဲ့ခိုင်းရင် ဤ လည်း ကျွဲ၊ ကျွဲ လည်း ဤ ဖြစ်တဲ့တိုင်းပြည် ၁၉၆ နိုင်ငံထဲမှာ တခုတည်းသာရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ