၂၀၁၆ ခုနှစ်တုန်းက ရုရှားကနေ လိမ်ပေးလို့ ထရမ့်က ဟယ်လရီကလင်တန်ကို ကပ်ပြီးနိုင်ခဲ့တယ်။
အခုတခါ အီလွန်မတ်စ်က သူ့ တွစ်တာကနေ ကင်မလာဟဲရစ် အသံတုနဲ့ စကားအချက်အလက်အတုတွေ တင်ပေးထားတယ်။
Elon Musk retweets altered Kamala Harris campaign ad
Published Sun, Jul 28 20246:03 PM EDT
https://www.cnbc.com/2024/07/28/elon-musk-retweets-altered-kamala-harris-campaign-ad.html
သူ့လူ နိုင် မနိုင် ရင် ၁၀၀ နေမှ သိရမယ်။
ဟိုတလောက အိန္ဒိယရွေးကောက်ပွဲမှာ အီလွန်မတ်စ် EVM ခေါ် မဲပေးစက်မသုံးနဲ့လို့ပြောတယ်။ အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ဆက်သုံးတယ်။ မီဒီယာကြီးတခုက အီလွန်မတ်စ်က တရုပ်ကိုတော့ ဘာမှမပြောဘူးလို့ထောက်ပြတယ်။ ဘာလို့လည်းဆိုတော့ စီးပွါးရေးကြောင့်တဲ့။ ပိုက်ဆံကြောင့်တဲ့။
ပိုက်ဆံနဲ့လည်း မဲဝယ်လို့ရတယ်။
တိုင်းပြည်တိုင်းမှာ အလိမ်ကောင်းရင် အဟုတ်မှတ်ထင်သူက ပိုများတယ်။
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment