(တထွာတမိုက်၊ တတ်သိလိုက်က၊ တကိုက်တလံ၊ သိလေဟန်ဖြင့်)
ယခင်ကမူ၊ ဤဇမ္ဗူတွင်
ပြိုင်သူမဲ့ရှား၊ ငါတကားဟု
ထင်မှားကိုယ့်ကို မာနပိုခဲ့။
ယခင်အခါ၊ ကိုယ့်စိတ်မှာပင်
တထွာတမိုက်၊ တတ်သိလိုက်က
တကိုက်တလံ၊ သိလေဟန်ဖြင့်
မိုက်မာန်စွင့်ကား၊ ဆင့်ဆင့်ပွားခဲ့။
ယခု၌ကား၊ မြင်ကြားစရာ
ပညာစခန်း၊ အမှန်လမ်းကို
စုံစမ်းသင့်ပေ၊ ဆရာစေ၍
စေတိုင်းမပန်း၊ အမှန်လမ်းကို
ဖြောင့်တန်းလှလှ၊ လျှောက်ခွင့်ရသည်
အေးမြကြည်သာ ရိပ်ဆီသို့။
မေဇော် (ရန်ကုန်တက္ကသိုလ်)
ငွေတာရီမဂ္ဂဇင်း ၁၉၆၂ မတ်လ
Listener's Heaven Audiobooks - အသံစာအုပ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment