မဟုတ်သဖြင့် ဘုရားခန်း၊ ဧည့်ခန်းတွေမှာ ထားလို့ရ၏။
အစစ်မဟုတ်ခြင်းသည် တချို့နေရာတွေမှာ အသုံးဝင်ပါသည်။
စားသုံးစရာ၊ ဝတ်ဆင်ရာများမူကား စစ်မှန်မှသာ ကောင်းပါ၏။
အဖုံးအကာ အရောင်ခြယ်သမှုများသည်လည်း သူ့နေရာနဲ့သူသာ သတင့်တော်ပါ၏။
အတွင်းအဇ္ဈတနှင့် ကိုယ်နှုတ်နှလုံးတို့မှာမူကား စစ်မှန်ရိုးဖြောင့်သင့်ပေ၏။
မှတ်ချက် -
ဒီစာကိုရိုက်နေစဉ်မှာ ဘယ်လိုကဘယ်လို ဖြစ်သွားသလဲမသိပါ၊ ကွန်ပြူတာကနေ အမျိုးသမီးအသံနဲ့ စာတွေက အသံထွက် ဖတ်ပေးပါသည်။ ကျေးဇူး။
ဒါပေမဲ့ နားစိုက်ထောင်တော့ အသံထွက်တွေ အတော်လွဲနေသည်။
ထိုသို့သော အသံတုကား မှား၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment