Skip to main content

ထုတ် ထုပ် ကို ကိုယ်

မုန့်ဟင်းငါး အနှစ်ထုတ်(ထုပ်) ၂၀ အုန်းနို့အနှစ်ထုတ်(ထုပ်) ၂၀ကိုယ် (ကို) လက်ဆောင်ပေးချင်လို့ဆိုပြီး အားပေးသွားတဲ့အမ ကျေးဇူး။

မုန့်ဟင်းငါး မှန်ပါသည်။ 

မုံ့ဟင်းခါး မှန်ပါသည်။

အနှစ်ထုပ်လို့ ရေးရ။

ဆိုင်ကိုသွားပြီး မုံ့ဟင်းခါး ဝယ်ခဲ့ပါ။

ကို

ကိုကင်းဆေး

ကိုဓဥပဒေ

စာကို မှန်အောင်ရေးပါ ကိုလှနဲ့ ကိုမြတို့ခင်ဗျား။

သူ့ကို ချစ်စိတ် တိတ်တိတ်ရယ်သာ

ကိုယ်

ကိုယ်  = ခြေ၊ လက်၊ ဦးခေါင်းမှအပ ဖြစ်သော ခန္ဓာပင်မ အစိတ်အပိုင်း။ 

ကိုင်တိုင်ကိုယ်ကြပ်

ကိုယ့်အကြိုက်နဲ့ကိုယ် 

ကိုယ်ကျင့်တရား

ကိုယ်ကျပ်အကျႌ

ကိုယ်ကျိုးနည်း

ကိုယ်ခံဆေး

ကိုယ်ခန္ဓာ

ကိုယ်ချင်းစာတရား

ကိုယ်စွမ်းကိုယ်စ

ကိုယ်စားလှယ်

ကိုယ်စီကိုယ်င

ကိုယ်စောင့်နတ်

ကိုယ်တွေ့မျက်မြင်

ကိုယ်တို့မြို့ကခွာခါနီး 

ကိုယ်တိုင်ကိုယ်ကျ (မိမိကိုယ်တိုင်)

ကိုယ်တုံးလုံး

ကိုယ်ထင်ပြ

ကိုယ်ထည်

ကိုယ်ထီးကျန်

ကိုယ်ထူးကိုယ်ချွန်

ကိုယ်ထူကိုယ်ထ

ကိုယ်ပစ်လက်ပစ်

ကိုယ်ပိုင်အုပ်ချုပ်ရေး

ကိုယ်ဖိရင်ဖိ

ကိုယ်ယောင်ပြ

ကိုယ်ယောင်ဖျောက်

ကိုယ်ရံကြီးပင်

ကိုယ်ရံတော်တပ်

ကိုယ်ရင့်တတူ

ကိုယ်ရည်သွေး

ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်

ကိုယ်ရှိန်သတ်

ကိုယ်ရုံသင်္ကန်း

ကိုယ်ရေးရာဇဝင်

ကိုယ်ရောင်ကိုယ်ဝါ

ကိုယ်လွတ်ရုန်း

ကိုယ်လုံးကိုယ်ပေါက်

ကိုယ်လုံးတီး

ကိုယ်လုံးပေါ်မှန်

ကိုယ်လုပ်မောင်းမ

ကိုယ်လေးလက်ဝန်

ကိုယ်ဝတ်သင်းပိုင်

ကိုယ်ဝန်ဆောင်

ကိုရင်သာမဏေ

ကိုလူချော (လူအမည်)၊

ခေါင်း ကိုယ် ခြေ လက်၊ နားရွက် မျက်စိ။

ပင်ကိုနာမ်၊

ပင်ကိုမူလ၊

ပင်ကိုရေးဝတ္ထု၊

ပင်ကိုသဘော၊

မိမိကိုယ်မိမိ

ဒေါက်တာတင့်ဆွေ

Comments