ရေးထားတာ ၇ နှစ်တိတိကဖြစ်ပါသည်။
မနေ့က လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ပူလောင်ကြမ်းတမ်းတဲ့ မြန်မာ့နိုင်ငံရေးကို ပူရီစားပြီး ရေနွေးကြမ်း သောက်တယ်စာတင်ခဲ့တယ်။ ဖတ်တဲ့သူတွေနဲ့ မှတ်ချက်ပေးသူတွေကို ကျေးဇူးတင်တယ်။
ကွန်မင့်ပေးသူတွေထဲမှာ အော်ဂဲနစ်အစားအသောက်ကိုသာ ရိပ်စားမိသူကများတယ်။ ကျွန်တော်ပြောချင်တာက နိုင်ငံရေးမှာ တနပ်စားတွေသတိထားစေချင်၊ နိုင်ငံရေးမှာ ဆေးဆိုးတွေရှိတာလည်း သိစေချင်ခဲ့တယ်။ ကျွန်တော်က စာရေးသိပ်မကောင်းလို့ အဲလိုသဘောမပေါက်တာဖြစ်ပါတယ်။
ဗူးသီးကို ဘူးသီးလို့ရေးမှသာ စားကောင်းတယ်သူက များတယ်။ ပုဂံ ဗူးဘုရားရှိတာလည်း သိကြပုံမရ။ သူတို့က ဆရာကြီး ဆရာမကြီးတွေ။ ဗူးသီးနဲ့ ဖရုံသီးလည်း သတ်ပုံမှားတတ်ကြတယ်။
ပုံကတော့ အိမ်မှာကြော်တာ။
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၇
Comments
Post a Comment