Skip to main content

ဘို နှင့် ဗိုလ်

၁။ ဗိုလ်စာလုံးလား ဘိုစာလုံးလား ဘယ်ဟာက အမှန်လဲဗျ
၂။ ဗိုလ်လို့ပေါင်းတာ မှားလားဆရာ ငယ်ငယ်က ဒီလိုပဲသင်ခံခဲ့ရတော့
ဘယ်နေရာမှာ သုံးသလဲအရ ဗိုလ် နဲ့ ဘို မတူကြပါ။
၃။ ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။
စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။
၄။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ
ဖြစ်တဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ ဘိုလိုရော ဗမာ
လိုပါ ပြန်ဖြေလို့မရပါ။ ဆောရီး။
ဘန်းစကားအသုံးဖြစ်ပါတယ်။ ဗ ကို မသုံးချင်လို့ ဘ သုံးတာ။ ကြိုက်သလို ရေးကြတယ်။
ဘိုလိုမှုတ်
ဘိုလိုပြော
ဘိုလိုရေး
ဘိုလိုဝတ်
ဘိုလ်ညှပ်ပြော
ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့
ဗိုလ်
စစ်ဗိုလ်
ဗိုလ်ကိတ်ပဲ
ဗိုလ်ကေ
ဗိုလ်ချုပ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်ခြေ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်စွဲ
ဗိုလ်စားပဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်တဲ
ဗိုလ်ပါ
ဗိုလ်ပုံပရိသတ်
ဗိုလ်ရှုခံ
လမ်းဗိုလ်
စစ်တပ်အရာရှိတိုင်းရဲ့ရာထူးမှာ ဗိုလ်ပါတယ်။ လူအမည်တွေမှာ ကိုယ်ကြိုက်တာ ရွေးလေ့ရှိတယ်။ ပြည်ပထွက်တဲ့ အမတ်တွေထဲမှာ ဗိုလ် လည်းရှိ ဘိုလည်းရှိတယ်။ ကလောင်အမည် ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)၊ ဗိုလ်သ္ခင်ဆရာ ရှိတယ်။ ရုပ်ရှင်ဇာတ်ကာ ဗိုလ်အောင်ဒင်။ 
စစ်ဗိုလ်ကို မျက်နှာလုပ်ရာကနေ လူမြင် အဘခေါ်တဲ့အကျင့်က မပျောက်ကြတော့သူတွေ ရှိသေးတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ