တာ နှင့် သာ အသုံးလေး သိချင်လို့ပါဆရာ။ မနက်ပိုင်းမှာတာ ရုံးသွားရတယ်၊ မနက်ပိုင်းမှာသာ ရုံးသွားရတယ်၊ ဘယ်ဟာ အမှန်လဲ ဆရာ။
မထွေးမပါ တို့ချည်းသာ ဖြစ်လို့ မနက်ပိုင်းမှာသာက မှန်။
သာ
မြို့သာ
ရွာသာရွာ
သာကိန် (သာကိန္ဒ) = သာကီဝင်မင်းတို့ကို အစိုးရတော်မူသောမင်း။
သာခွါ = ဘော်ငွေအမည်
သာချင်း = သာယာစွာသီဆိုရင် ရေးစီသောကဗျာ
သာဂူစေ့
သာစွလေ = ကောင်းမွန်စွလေ
သာတူညီမျှ
သာဓက = အထောက်အထား၊ ဥပမာ
သာဓု
သာဓုကိဠန (ဘုန်းကြီးပျံပွဲ)
သာဓုကီဠနသဘင်
သာမန် = သာမည = အများနှင့်ဆက်ဆန်ခြင်း
သာမန်ကာလျှံကာ
သာမန်ကာလျှံကာ
သာမဏေ
သာယာညင်းပျောင်း
သာယာဝတီဗျိုင်း
သာယာဝတီမြို့
သာယာသည်
သာရကာ = သာလိကာခေါ်သည့် ဆက်ရက်ငှက်တမျိုး
သာရဂန် ( သာရ + ဂန္ဓ) = စန္ဒကူးသရက္ခန်
သာရာစီး = အခွင့်အရေးရသည့်ဘက်ကိုလိုက်လေ့ရှိသူ၊ အခွင့်အရေးသမား။
သာရဝေါမြို့
သာလကာ = မပင်မပန်း သက်တောင့်သက်သာ
သာလက် = မပင်မပန်၊ အလွယ်တကူ
သာလာယံဇရပ်
သာလာယံဇရပ်
သာလိကာငှက်
သာဝှမ်း
သာဝအောင် = သာယာသောပွဲ
သာသနာ
သာသာယာယာ
သာအားကြိုး = လွန်စွာကြိုးပန်းအားထုတ်ခြင်း
သာကေတမြို့
သာခွေယိုင်
သာပေါင်းညာစား
သာမော = ညီညာသော၊ နှစ်သက်ဖွယ်ကောင်းသော
သာနိုးပွင့် = ကံ့ကော်ပွင့်
သာနိုးပျော်ဘွယ်ကြိုး
သူသာလျှင်
လူသာလျှင်
ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်၊
မထွေးလိုလို့ ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ၊
ပါပါရဲ့သား နောက်ကထား၊
မထွေးအသား ခါးလှတယ်၊
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်၊
ချောင်းငယ်ရေချမ်း နွေမှာခန်း၊
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်၊
မြစ်ငယ်ရေချမ်း နွေမှာခန်း၊
ပင်လယ်ရေနဲ့ ဆေးပါ့မယ်၊
ပင်လယ်ရေ ဘယ်မခန်း
မထွေးအမိဖမ်း။
ရေခန်း၊ ဆီခန်းကို မှားရေးနေသူတွေ များတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉
Comments
Post a Comment