တပြည်တမင်း တောင်ကျွန်းတခုလုံး
ဝတ္ထုနိပါတ် ပိဋကတ်များနှင့်
လျှာပြတ်အောင် ဟောသော်လည်း
ဟောရင်းသာ ပျံတော်မူရမည်
ဆံ (ဆန်) ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ။ (ဦးပုည မေတ္တာစာ)
အကာဆူးခက် ပင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကြဲကြဲ၊ ဝက်သိုက်ထဲတွင်၊ အုဌ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္မလာ၊ မြေမွေ့ရာထက်၊ ချူချာတော်မူလှသော။ (ကာကဝလ္လိယဝတ္ထု)
ရောက်လေရာဘုံဘဝမှ ဦးပုညခင်ဗျာ ခုခေတ်မှာ (တစ်) စိမ့်စိမ့်အောက်မေ့၍၊ (တစ်) ငွေ့ငွေ့ဆင်ခြင်နေကြပါကြောင်း တင်ပြအပ်ပါသည်။
ဆံ နှင့် ဆန် https://burmese-spelling.blogspot.com/2023/05/blog-post_908.html
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉
Comments
Post a Comment