Skip to main content

ဘလိုမဟုတ် ဟလိုမဟုတ်

၁။ ဆရာ အရေးပေါ်ဆေးသောက်ရဲ့သားနဲ့ ကိုယ်ဝန်ရသွားရင် သားအိမ်ပြင်ပ ဖြစ်န်ုင်တယ်လ်ို့ ဆရာရေးထားတာ ဖတ်ရပါတယ် ၁လ နဲ့ ၃ပတ်လောက်ပဲရှိသေးတယ်ဆရာ ဆရာပြောသလို ဖြစ်နေမာဆိုးလို့ ဘလိုစစ်ကြည့်ရမလဲ ပြောပြပေးစေချင်ပါတယ်ဆရာ Ultrasound ရောရိုက်လို့ရလားဆရာ ဘလိုသိနိုင်မလဲပြောပြပေးပါဦးနော်

အာထွာဆောင်းရိုက်ရင် ကိုယ်ဝန်အခြေအနေသိနိုင်။

ဖြစ်နေမှာစိုးလို့ လို့ ရေးရတယ်။ မာဆိုတာ မပျော့တာ။ ဆိုးသွားမှာကို စိုးရိမ်သည်။

မာ မဟုတ်။ မှာ လို့ ရေးရတယ်။

ဘလို မဟုတ်။ ဘလိုဆိုတာ အဘလို ဘဘလို ဘကြီးလို။ ဘယ်လို ဘယ်ကဲ့သို့လို့ ရေးရ။

၂။ ဟလ်ိုု ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။ 

ဟလို မဟုတ်။ ဟယ်လိုလို့ရေးရတယ်။ 

ဟဒယရွှင်ဆေး၊ 

ပါးစပ်ဟပါ၊ 

စကားတခွန်းမဟ၊ 

ဟလဝါတို့မှာသာ သုံးရတယ်။

ဒေါက်တာတင့်ဆွေ

Comments