ကွန်မင့်တခု = သတ်ပုံပြင်တာ ဘာကုသိုလ်ရလဲဗျ
ကျွန်တော ၅ နှစ်သားမှာ မိဘတွေက ကျောင်းထားပါတယ်။
မိဘတွေက မင့်ကုသိုလ်ရအောင် ကျောင်းတက်လို့တော့ မခိုင်းပါ။
ဆယ်တန်းအောင်တယ်။ ဘာကုသိုလ်ရသလဲ မသိပါ။
ဆေးကျောင်းရောက်ပြန်။ ဆေးပညာဘွဲရတယ်။ ဘာကုသိုလ်ရသလဲ မသိပါ။
ဆရာဝန်လုပ်တယ်။ လခရတယ်။
နိုင်ငံရေးထဲရောက်ပြန်။ တိုင်းပြည်ကနေထွက်ပြေးရတယ်။ ဘာကုသိုလ်ရလဲ မသိပါ။
အခုတခါ နိုင်ငံရေးစာ၊ ကျန်းမာရေးစာနဲ့ သုတစာတွေရေးတယ်။ ဘာကုသိုလ်ရသလဲမသိပါ။ တချို့က ဆဲကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment