Skip to main content

ပေးသည် နှင့် ပေးအပ်သည် မတူပါ



ကြက်ခြေနီအသင်းမှ အခမဲ့ ဆေးဘက် သင်တန်းများ ပေးအပ်သည်

ပေးပါသည်၊ ပေးနေသည် နဲ့ ပေးအပ်သည် မတူပါ။

ပေးအပ် = လွှဲပြောင်းပေးသည်။

ပေးအပ်ဆိုတာ ပြီးဆုံးအောင်မြင်လို့ အောင်လက်မှတ်၊ ဆုတံဆပ် စသည်ကို ပေးတာ။

သင်တန်းပေးနေပြီ

သင်တန်းပေးမည်

သင်တန်းပေးပါသည် 

သင်တန်းပေးတော့မည် လို့ ရေးတာက ဆီလျှော်တယ်။

ပေးအပ် = တာဝန်၊ အရာအထူး၊ ပစ္စည်းဥစ္စာစသည်) အပ်နှင်းသည်၊ အပ်နှံသည်။

တံဆိပ်လက်မှတ် ပေးအပ်ခန့်ထားသည်။

ပေးအပ်ချီးမြှင့်သည်။

ပညာသင်ထောက်ပံ့ကြေးပေးအပ်သည်။

ဖွဲ့စည်းတာဝန်ပေးအပ်သည်။

ဤမြေတွင်နှလုံးသားပေးအပ်ခဲ့သည်။

လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်သည်။

အလုပ်မှထုတ်ပယ်နစ်နာကြေးပေးအပ်သည်။

ပေးကမ်း

ပေးချေ

ပေးစွန့်

ပေးဆပ်

ပေးလျော်

ပေးအပ်

ဒေါက်တာတင့်ဆွေ

Comments