ကွန်မင့်တခု = အခုကျောင်းတွေမှာ စိတ်ဓာတ် စည်းကမ်း ပညာ ဖြစ်နေတယ် စိတ်ဓါတ် စည်းကမ်း ပညာ မဟုတ်ဘူးဖြစ်နေတယ် ဘာဖြစ်လို့လဲဆရာ
အခုခေတ် မြန်မာစာအရာရှိတွေက ဓ ကို ဓာ လို့သာရေးရမလိုလို သင်ပေးနေကြတယ်။
ခဂငဒပဝ ကို မောက်ချပါအထိ မှန်ပါတယ်။
ခဂငဒပဝ မဟုတ်ရင် မောက်မချရလိုလို ထင်မှတ်ကုန်ကြတယ်။
ဓါတုဗေဒဆိုတာ တိတိကျကျမှန်ရတယ်။ H2O ကို H4O မလုပ်ရပါ။
ရာဇဓါတုကလျာ သနားစရာ။
ကွန်မင့်ကို မနေ့ကရတယ်။ ကနေ့ ဓါတ်ပုံတခုတွေလို့ ထင်ပြပါမယ်။ ပုံထဲက ကျောင်းသူတွေပုံကိုတော့ မထည့်တော့ပါ ပုံအတွက် ကျေးဇူး။
အခုခေတ်မှာ အရင်က မှန်ခဲ့တာတွေကို လွဲအောင် မှားအောင်ပြင်တဲ့အတတ်ပညာ ထွန်းကားနေတယ်။ ကျောင်းတွေမှာလည်း မှန်အောင်ရေးသားစပ်ဆိုတားတဲ့ ကဗျာတွေကို သတ်ပုံတွေပြင် သင်ပေးနေကြတယ်။
သူတို့က ပဌမ ကို ပထမ လို့ပြင်တာ ပညာတဲ့။ စိတ်ဓါတ် ကို စိတ်ဓာတ် လို့ပြောင်းတာ ပညာတဲ့။
စိတ်ဓါတ်ပါဘဲ ဆိုတာ ဘန်းစကားတခု။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment