မင်္ဂလာပါ ဆရာ ဆရာ ဝေမျှပေးတဲ့ မြန်မာစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အလွန်ပဲ အကျိုးကျေးဇူးများပါတယ်။ အထူးသဖြင့် ကျွန်တော့လို မြန်မာစာလေ့လာနေသူအတွက် ဆရာ့ရဲ့ စာတွေက အများကြီး အထောက်အကူဖြစ်စေပါတယ် ခင်ဗျ။ အများကြီး သင်ယူခွင့်ရရှိခဲ့ပါတယ်။ ကိုယ်ကိုတိုင် အမြဲသင်ယူနေတဲ့ အလေ့အကျင့်ကိုလည်း ပြုစုပျိုးထောင်ထားပါတယ်ဗျ အရင်တုန်းက ကိုယ်ပိုင် အထက်တန်းကျောင်းမှာ မြန်မာစာ ဆရာတစ်ဦး(တဦး) အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အခုလည်း မြန်မာဘာသာပြဆရာတစ်ဦး(တဦး)အနေနဲ့ အလုပ်လျောက်(လျှောက်)လိုတဲ့အတွက် ထောက်ခံစာတစ်ဆောင်(တစောင်)လောက် ဆရာ့ဆီက တောင်းဆိုခွင့်ရရင် တောင်းဆိုပါရစေဗျ။
အထင်ကြီးတာအတွက်တော့ ကျေးဇူး။
ဒါပေမဲ့ ကျွန်တော် သင်ယူခဲ့၊ ဖတ်ရှုခဲ့တဲ့စာတွေနဲ့ ကနေ့ နိုင်ငံတော်မူသတ်ပုံ မတူပါ။
မှန်မှန် မှားမှား အမိန့်အတိုင်း လိုက်နာရေးသာမှသာ အလုပ်ရမယ်။
စာအုပ်ထုတ်လို့ရမယ်။ စာပေဆုလည်း ရနိုင်တယ်။
ဆရာကြီး ဆရာမကြီးလို့လည်း ခေါ်ကြမယ်။ ဖေ့စ်ဘွတ်မှာ ဖေါ်လိုဝါတွေလည်း များတယ်။
အလုပ်ရချင်ရင်၊ နာမည်ကြီးချင်ရင် ကျွန်တော့မူကို မလိုက်ပါနဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment