Skip to main content

ယုဇနပန်းနှင့် ကယုကယင်

ယုဇနပင်ကို Murraya paniculata လို့ခေါ်တယ်။ Orange Jessamine နဲ့ Lakeview Jasmine လို့လည်းခေါ်တယ်။ တချို့အရပ်တွေမှာ သနပ်ခါးပင်လို့လည်း ခေါ်ပါသတဲ့။ အခေါက်ကို သနပ်ခါးလိုသွေးလိမ်းကြတယ်။ ဝါဝါသေးသေး အလွန်လည်းမွှေးတဲ့ သနပ်ခါးပန်းနဲ့တော့ မတူပါ။

ယု

ကယုကယင် (လျောက်ပတ်တင့်တယ်သည်)

မာလာယုကျွန်း (မလေး)

ယုဂန္ဓိုရ်တောင်

ယုဇနပင်

ယုယချစ်ခင်

ယုယပိုက်ထွေး

ယုယုယယ

ယုဝတီ (မိန်းမပျို)

ယုဝါ (လုလင်ပျို)

အာယုကပ်

အာယုဒီဃ

မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်။ ဆွေမောင်နှင့်မယ်၊ ကျီဆယ်သမှု၊ ပန်းခိုင်လု၍။ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်။ (စလေဦးပုည ဆဒ္ဒန်ဆင်မင်းဝတ္ထု)

ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၁၉

Comments