၁၉၈၈ ခုနှစ်ကစတဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ ပဌမဆုံးပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားအင်အားစုကြီး ဖြစ်တယ်။
ကျွန်တော်တို့က ၁၉၉၀ နှစ်လယ်ကျမှသာ ရွေးကောက်ခံအမတ်အုပ်စုရယ်လို့ ပေါ်လာတာ။
နယ်စပ်ဒေသ ခေါ် လွတ်မြောက်နယ်မြေမှာ ဗဟိုဌာနပြုကြတယ်။
ကျွန်တော်တို့က NCGUB စင်ပြိုင်အစိုးရဖွဲ့ကြတယ်။
ကျွန်တော်တို့က ကျောင်းသားအင်အားစုနဲ့ တတ်နိုင်သမျှ လက်တွဲဆောင်ရွက်ပါတယ်။
၁၉၉၅ ခုနှစ် မာနယ်ပလောကျပြီးနောက်မှာ ပြည်ပနိုင်ငံရေးလှုပ်ရှားမှု ဖြစ်လာပါတယ်။
ABSDF အပြင် တခြားကျောင်းသားအသင်းအဖွဲ့တွေလည်း အများကြီးရှိတယ်။ တချို့ အဖွဲ့အမည်တွေကိုတော့ မေ့ချင်ချင်ဖြစ်လာပြီ။ တချို့ကို မမေ့ပါ။
ABSDF ထက် NCGUB ကို ပိုမေ့ကြတာလည်း အဆန်းတော့ မဟုတ်ပါ။
၂၀၁၂ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီရေး တခန်းတကဏ္ဍ ပြီးဆုံးခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးသမိုင်းအတို တခုအတွင်းမှာ အသက်ပေးသွားသူတွေကတော့ မနည်းပါ။
နှစ်ပေါင်း ၃၆ နှစ်အလွန်မှာ ဘယ်သူတွေ ဘယ်မှာလည်း။ ဘာလုပ်နေကြသလဲ။ ဘာဖြစ်သွားကြသလဲ။
နိုင်ငံရေးဖြစ်စဉ်တိုင်းကနေ သင်ခန်းစာယူကြရပါမယ်။
ကျန်သေးသူတွေ နေကောင်းကြပါစေသတည်း။
ABSDF – Student Army
ဒေါက်တာတင့်ဆွေ
Comments
Post a Comment