Skip to main content

ဦးမှား နှင့် ဒေါ်လွဲ

(အတုနှင့် အစစ် သို့မဟုတ် မလုပ်သင့်မလုပ်ထိုက်တဲ့ ဒေါင်းလုဒ်စာအုပ်များ)

အွန်လိုင်းမှာ ဒေါင်းလုဒ်လုပ်နိုင်တဲ့စာအုပ်တွေ အများကြီးတင်ထားကြတယ်။ တချို့စာအုပ်တွေက အတော်ကို တန်ဖိုးရှိတယ်။ တချို့စာအုပ်တွေကတော့ မလုပ်သင့်မလုပ်ထိုက်တာတွေ။ ချက်ချင်းဖျက်ပစ်သင့်တယ်။

မြန်မာ့စွယ်စုံကျမ်း (ဦးနု) လိုတင်ထားတယ်။ မြန်မာ့စွယ်စုံကျမ်းကို ဝန်ကြီးချုပ်ဦးနုက ပြုစာထားခဲ့တာ မဟုတ်ပါ။ ကျွန်တော်က မူရင်းစာအုပ်တစုံလုံးကို အခုတိုင်းပြည်အထိ ရအောင်သယ်ယူလာခဲ့ပါတယ်။

အွန်လိုင်းတင်ထားတာမှာ သတ်ပုံတွေကို ပြင်ထားတယ်။ နမူနာနည်းနည်းလေးသာ ထောက်ပြပါမယ်။ အတွဲ (၁) စာမျက်နှာ (၁)။

ကကတစ်။

မူရင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတလျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတမျိုးဖြစ်သည်။

အွန်လိုင်းစာအုပ် = ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌တွေ့ရသော အရေးကြီးသည့် စားငါးတစ်မျိုး ဖြစ်သည်။

တ နှစ်လုံးကို တစ် လို့ပြင်ထားတယ်။ မပြင်ရပါ။

ကကုသန်မြတ်စွာဘုရား။

မူရင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမာ္ဘအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပဌမဆုံးပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

အွန်လိုင်းစာအုပ် = ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒကမာ္ဘအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ပဌမ ကို ပထမ လို့ပြင်ထားတယ်။ မပြင်ရပါ။

အချက်အလက်လည်းမမှန်၊ သတ်ပုံတွေလည်းလွဲအောင်ပြင်ထားခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တာလို့ ယူဆပါတယ်။ အဲလိုစာအုပ်တွေကို ချက်ချင်းဖျက်ပစ်သင့်တယ်။

အဲလို မှားအောင်ပြင်ထားတဲ့ ဒေါင်းလုဒ်စာအုပ်တွေအဖုံးမှာ အယ်ဒီတာ ဦးမှားနှင့် ဒေါ်လွဲတို့က ပြင်ထားပါသည်လို့ ရေးရပါမယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၀-၂၀၁၈

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ