Skip to main content

ဥတုဘောဇန သင်္ဂဟကျမ်း

သားတယောက်က လှမ်းပြောတယ်။ ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇန သင်္ဂဟကျမ်း ရောက်လာပြီဗျ။

သြော ပြင်ရိုက်လား

ဟုတ်မယ်။ ၁၉၉၆ ထုတ်

အဲတာဆိုရင်တော့ မဖတ်ချင်။

ရွှေပြည်ဝန် ယောအတွင်းဝန် ဦးဘိုလှိုင်ရဲ့စာအုပ်ကို ဒုတိယအကြိမ်ရိုက်နှိပ်စဉ်က စစ်အစိုးရလက်ထက်ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအတိုင်း ပြင်ဆင်ထုတ်ဝေခဲ့ရကြောင်း ပါရှိပါတယ်။ မူရင်းကျမ်းကို ဦးဘိုးလှိုင်ရဲ့ ရေးထုံးမူအတိုင်း ထားရှိပါသည်လို့လည်းပါရှိပါတယ်။ အဲလိုတိကျရှင်းလင်းစွာ ရေးသားဖေါ်ပြထုတ်ဝေခြင်းဟာ အလွန်လေးစားစရာကောင်းပါတယ်။ 

တိုင်းပြည်တိုင်းမှာ စာအုပ်ထုတ်လုပ်ငန်းနဲ့ စာပေနယ်ပယ်မှာ IPR (intellectual property rights) ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို လေးစားလိုက်နာရပါတယ်။

ခုခေတ်မှာ သတ်ပုံပြင်ထုတ်စာအုပ်တွေက ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို  ပြောင်ပြောင်းတင်းတင်း ချိုးဖေါက်နေကြတယ်။

ပညာရှိရာမကျပါ။

ဒေါက်တာတင့်ဆွေ

၃၀-၁၀-၂၀၁၈

Comments