မေးတာကို သိပ်နားမလည်ပါ။
ဆရာက အမြဲတမ်း တင်နေတာ ဝါဟာရ စကားစု အားလုံးတွေရဲ့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိသေးလားဆရာ။
ကျွန်တော် တင်ပြတဲ့စာ၊ စားလုံး၊ ဝေါဟာရတွေကို
- သတ်ပုံကျမ်းတွေနဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ်တို့ကနေ ရယူပါတယ်။
- တချို့က မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကနေရတယ်။
- တချို့က ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာ ကျမ်း (၂၀၁၆) တွေကနေ ယူပါတယ်။
- လယ်တီဒီပနီပေါင်းချုပ် (၁၉၈၉)
- တချို့ကိုတော့ သတ်ပုံမှန်ခေတ် (၁၉၈၆ ခုနှစ်မတိုင်မီ) ခေတ်ကထုတ်တဲ့ ကာတွန်းတွေနဲ့ စာအုပ်တွေကို ကိုးကားပါတယ်။
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းဆိုတာ ဘယ်စာအုပ်လဲ
၁။ ဝဏ္ဏဘောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ) ၁၉၆၁ ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
၂။ ကဝိဓဇသတ်ပုံကျမ်း (ဦးစံချစ်) ၁၉၅၄ ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
၃။ မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်) ၁၉၅၂ ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
၄။ မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ) ၁၉၆၂။
၅။ ဝေါဟာရတ္ထပကာသနီ (ကျော်အောင်စံထား ဆရာတော်ဘုရားကြီး) ၁၁၃၁ - ၁၃၄၃။
၆။ ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန် (၁၈၇၇ - ၂၀၀၆)။
၇။ ကဝိလက္ခဏာ သတ်ပုံကျမ်း ၁၂၆၂။
၈။ ၁၉၇၈-၇၉-၈၀ ထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ် ၅ တွဲ။
၉။ ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန် (၁၃၁၃)
၁၀။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ပီဒီအက်ဖ် ဖိုင် ရှိပါသည်။
မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်ကနေ ထုတ်ဝေတယ်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကနေ ပြုစုတယ်။ အတွဲ (၁) ကို ၁၉၄၉ ခုမှာစပြီး ပြုစုခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ ထုတ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ဝေတယ်။ ၁၉၅၄ အတွဲ (၁)၊ ၁၉၅၅ အတွဲ (၂)၊ ၁၉၅၆ အတွဲ (၃)၊ ၁၉၆၀ အတွဲ (၄)၊ နဲ့ ၁၉၆၁ အတွဲ (၅) တွေကို အင်္ဂလန်နိုင်ငံ၊ ဟေဇယ်ဝပ်ဆင် ဗိုင်းနေး လီမီတက် ပုံနှိပ်တိုက်မှာ ရိုက်နှိပ်တယ်။ ၁၉၅၆ မှာ မြန်မာနိုင်ငံ သာပြန်စာပေအသင်း (စာပေဗိမာန်) မှာ ထုတ်လုပ်ရေးဌာန ဖွဲ့စည်းခတယ်။ အတွဲ (၆) ကစပြီး စာပေဗိမာန်မှာ ရိုက်တယ်။
တခြားစာအုပ်တွေကိုလည်း ကိုးကားပါသေးတယ်။ ကိုယ်ပိုင်စာလုံးပေါင်းရယ်လို့ တလုံးတလေမှ မရှိပါ။ ကျွန်တော်က မြန်မာစာဆရာ မဟုတ်ပါ။ အသက်ကြီးတော့ စာဖတ်သက်များတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment