Skip to main content

Body Language Cues လူကိုဖတ်ခြင်း

(ရေးထာတာ လွန်ခဲ့တဲ့ ၉ နှစ်တိတိကဖြစ်ပါတယ်။)

စိတ်ပညာရှင်အသိနဲ့ ရေးမှာပါ။ ဗေဒင်လက္ခဏာလို မဟုတ်ပါ။ လူတယောက်ကို သူပြောနေတာကို နားထောင်ပြီး တန်းမယုံပါနဲ့။ သူဘယ်လိုအသက်မွေးဝမ်းပြုနေတယ်၊ ဘာရာထူးရှိတယ်၊ ဘာဘွဲ့တွေရထားတယ်ကိုကြည့်ပြီး၊ တန်းမယုံပါနဲ့။ ပြောတာကိုရော ပြောစကားထဲမပာတာကိုပါ ရအောင်ဖတ်ပါ။ ဖုံးထားတဲ့မျက်နှာဖုံးနဲ့ မိက်ကပ်တွေခွါပြီး တကယ့်အစစ်ကို မှန်အောင်ကြည့်ပါ။ ကြိုတင်တင်ကူးယူဆထားချက်ကို ဘေးဖယ်ထားလိုက်ပါ။ ဦးနှောက်နဲ့ အာရုံကြောက သုံးသပ်ချက်ကို အသုံးချပါ။

(၁) Observe Body Language Cues ကိုယ်အမူအယာဖတ်ခြင်း 

သုတေသနတွေအရ လူတွေရဲ့ ကိုယ်အမူအယာဖတ်ခြင်းဟာ ၅၅% မှန်တယ်။ အသံအနိမ့်အမြင့်ဟာ ၃ဝ% မှန်တယ်။ အပြောစကားလုံးတွေဟာ ၇% သာမှန်တယ်။ (မှတ်ချက်။ သုတေသနထဲမှာ အရေးအသားမပါ။)

၁။ Pay Attention to Appearance အမြင်ကိုသတိထားပါ

ဘာဝတ်ထားလည်း။ တန်ဘိုးရှိလက်ဝတ်ရတနာတွေ၊ အင်္ကျီ၊ လုံခြည်၊ ဖိနပ်၊ စတာတွေကိုကြည့်ရင် ဘယ်လို ရည်မှန်းချက်နဲ့ ပွဲတက်လာသလည်းကို မှန်းနိုင်တယ်။ မိန်းကလေးတယောက် သူ့အသားအရေမြင်စေအောင် ဝတ်ထားရင်လည်း သိပါမယ်။ သာမန်ဝတ်စားထားရင် ခပ်ပေါ့ပေါ့နဲ့ အေးအေးဆေးဆေးအတွက်ဖြစ်မယ်။ ယောဂီဝတ်စုံ အပါအဝင် ယူနီဖေါင်းတွေကနေလည်း ပြောပြနေမယ်။

၂။ အနေအထားကိုကြည့်ပါ။

ခေါင်းမော့ထားလား။ လမ်လျှောက်တာ ဖြောင့်ဖြောင့်တန်းတန်းလား၊ ဟိုယိမ်းဒီယိုင်လား။ သူ့ကိုယ်သူ ယုံကြည်မှု နည်းတဲ့ပုံံလား။ ခပ်ကြွားကြွာလား။

၃။ လှုပ်ရှားမှုတွေကိုသတိပြုပါ

တခုခုကိုမှီနေတာလား။ သူတို့နှစ်သက်တဲဖက်ကိုညွတ်မယ်။ လက်ပိုက်ထားသလား။ အဲတာက ဒေသလား၊ သူ့က်ိုသူ ကာကွယ်နေတာလား။ ခြေခြင်းချိတ်၊ထားလား။ သူအဆင်ပြေမယ့့်သူဖက်ကို ခြေမတွေကဦးတည်ထားတယ်။ လက်တဖက်ဝှက်ထားလား။ အဲတာဆို တခုခုကိုဝှက်ထားတာဖြစ်မယ်။ လက်သည်း၊ ပါးစပ်နှုတ်ခမ်းကိုက်နေရင် သူ့မှာ ဖိအားသက်ရောက်ခံနေရတာ၊ ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေတာဖြစ်မယ်။

၄။ မျက်နှာကိုဖတ်ပါ

မျက်မှုံကုပ်နေရင် စိုးရိမ်မှုရှိနေတယ်။ တခုခုကို တွေးတောနေမယ်။ မျက်စိအစွန်တွေမှယ ငှက်ခြေလိုဖြစ်နေတာက ကျေနပ်နေတာ။ အောက်နှုတ်ခမ်းကိုတာက ဒေါသထွက်နေတာ။ မေးကြောတင်းနေတာလည်း ဒေါသ။

(၂) Listen to Your Intuition ကိုယ့်အသိကနေဘာပြောနေလည်း

လူကြည့်တာနဲ့ အလိုလိုသိနေတာမျိုး အတွေ့အကြုံရှိသူတိုင်းမှာရှိပါတယ်။

၁။ လူတယောက်ကို စတွေ့တွေ့ချင်း ဘယ်လိုမြင်သလည်းဆိုတဲ့ အမြင်တခုတည်းနဲ့ ကိုယ့်တိုင်အကဲဖြတ်ချက်ရှိတယ်။ ဆက်ဆံရေးအဆင်ပြေမယ့်သူလား မဟုတ်ဘူးလား။

၂။ ကြက်သီးထာတာဟာ ကြောက်စိတ်ရော၊ စိတ်တက်ကြွမှုရောဖြစ်မယ်။ တွေ့တာနဲ့ ကိုယ့်အရေပြားအသီးထတယ်၊ ကိုယ်မွှေးထတာဖြစ်မယ်။ တခါမှာမတွေဘူးကိုမြင်တော့ တွေ့ဘူးသလိုဖြစ်မယ်။

၃။ စကားပြောနေရင်း သူပြောလိုက်လို့ ကိုယ့်စိတ်ထဲမှာ ဝင်းလက်သလိုဖြစ်တာကိုသိပါ။ ကျောထဲစိမ့်သွားစေတာမျိုး ရှိတယ်။ သတိနဲ့နားထောင်ပါ။ လွတ်ထွက်သွားတတ်တယ်။

၄။ စကားနားထောင်ရင်း စာနာစိတ်ဝင်လာမယ်။ စိတ်လှုပ်ရှားမှုဖြစ်ပေါ်မယ်။

(၃) Sense Emotional Energy စိတ်လှုပ်ရှားမှုအတိုင်းအတာကိုသိပါ။ စိတ်မူဖြစ်ပေါ်မှုရှိမယ်။ အတူရှိနေရတာ မနေတတ်သလိုဖြစ်မယ်။ နေပျော်တာရှိမယ်။

၁။ အတူရှိနေတာဟာ အားတခုလိုဖြစ်သလား။ သူ့ဆီကနေကူးစက်လာတဲ့အားဖြစ်တယ်။ ဆွဲဆောင်မှုရှိတယ်။ (မှတ်ချက်။ ဆန့်ကျဖက်လိင်သဘော ထည့်မပြောပါ။)

၂။ သူ့မျက်လုံးကို ဖတ်ပါ။ မျက်လုံးချင်ဆုံရင် အင်နာဂျီရသက်ရောက်သလား။ လျှပ်စစ်သံလိုက်လှိုင်းလိုဖြစ်မယ်။ ဆွဲဆောင်မှုရှိသလား။ တည်ငြိမ်အေးချမ်းမှုရစေသလား။ ပြောင်းပြန်ခံစားသလား။

၃။ လက်ဆွဲနှုတ်ဆက်တဲ့အခါ၊ လက်ချင်းထိကိုင်တဲ့အခါ၊ ဖေက်လဲတကင်းလုပ်တဲ့အခါ သတိထားခံစားပါ။ နွေးထွေးမှုရသလား။ နေသာထိုင်သာရှိလား။ ပြောင်းပြန်လား။ (မှတ်ချက်။ ဆန့်ကျဖက်လိင်သဘော ထည့်မပြောပါ။)

၄။ အသံအနိမ့်အမြင့်ကို သတိထားပါ။ ရယ်သံကိုသတိပြုပါ။ အသံလှိုင်းတုန်ခါမှုကနေလာတာကို ခံစားကြည့်ပါ။ ကိုယ့်ကိုနှစ်သိမ့်စေသလား။ ပြောင်းပြန်လား။

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၅

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ