တင်ထားတဲ့စာ = ကြေးအိုး ချက်နည်း
မိတ်ဆွေတဦးကရေးတာ = စားချင်ပါတယ်ဆိုဗျာ။
တည်ခင်းပေးထားတာ နာရီတောင် အတော်ကြာပြီ။ ခုထိ မသုံးဆောင်သေးပါလား။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်နေ စတယ်။ ဖေ့စ်ဘွတ်ကနေ စားစရာပုံလှလှလေးတွေပို့ပြီး စာပါဦးဆရာတဲ့။
ပဌဦးဆုံးပုံက အထော်ဘယ်ရီသီးတွေ။
ဟာ - ဘာလဲမသိ။ လှောင်ပြောင်တာနဲ့တူတယ်။
အခုတော့ လူတိုင်းက နေ့တိုင်းမှာ အစားအသောက်တိုင်း တင်နေကြပြီ။
ပုံမြင်ကြ၍ အာဟာရပြည့်ဝကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment