Skip to main content

The U.S. election results အမေရိကန်သမတရွေးကောက်ပွဲ အဖြေ

မိတ်ဆွေတယောက်က တင်ထားတယ်။

ChatGPT လာမည့် အမေရိကန်ရွေးကောက်ပွဲတွင် ကမလို နီထွန်းနီ ကမလား ဟာရစ်စ်နှင့် ဒေါနယ် ထရမ်ပျား တို့ကြား အကျပ်အတည်းရှိပါတယ်။ ဟာရစ်စ်သည် အမျိုးသားပေါင်းချုပ်ဖြစ်စဉ်တွင် အနည်းငယ်သာ ဦးဆောင်နေသော်လည်း၊ ရွေးကောက်ပွဲသည် အရေးကြီးသော ပြည်နယ်များတွင် ဆုံးဖြတ်မည်။ ထရမ်ပျားသည် ပြန်လည်အောင်မြင်မှု ရရှိနေသောကြောင့် လွှမ်းမိုးမှုများရှိနေပါသည်။

သြော် ChatGPT က ဗေဒင်လည်းရသကိုး။

လူသိထင်ရှားခြင်းမရှိပေမဲ့ ဟောသမျှ အတော်များများ တိတိကျမှန်တဲ့ ဘုန်းတော်ကြီးတပါးရဲ့ ခန့်မှန်းချက်တွေလည်း သိရတယ်။ အဲဒီကိုယ်တောက 'ဆဲလီ' တွေလို မဟုတ်။ လူသိမခံ။

အမေရိကန်သမတရွေးကောက်ပွဲ အဖြေတွေ နိုဝင်္ဘာလ ၅ ရက်နေ့ညမှာ စတင်သိရမယ်။ အမေရိကတိုက်မှာ နာရီမတူပါ။ အရှေ့ဘက်ကမ်းခြေထက် အနောက်ဖက်ကမ်းခြေက နောက်ကျမှ သိရမယ်။ 

ဒါပေမဲ့ တရားဝင်မှုမှာ ဒေါ်နယ်ထရမ့်က ပြဿနာလုပ်နိုင်တယ်။ ဘယ်လိုနဲ့ ဘာတွေလုပ်မလဲ FBI တောင် မသိနိုင်။ KGB ကတော့ သိလောက်တယ်။ တရုပ်နဲ့ အီရန်လည်း ပါတယ်။

VOA က နိုဝင်္ဘာ ၅ ရက်နေ့ည ၁၁ နာရီမှာ ဆွေးနွေးခန်းမှာ ပါဝင်ဘို့ ဖိတ်ထားတယ်။ ChatGPT ဖြေတာကို ပြောရမလား၊ ဘုန်းကြီးဟောတာကို ပြောရမလား မသိသေးဘူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ