တန်းစီနေတဲ့လူတန်းကြီးရှည်လို့ မြို့ထဲအထိသွားရတယ်။ နာရီဝက်လောက်သာ စောင့်ရတယ်။
အင်ဒီယာနာပြည်နယ်က ဘယ်သူတွေက အပြာကိုမဲထည့်ထည့် အစဉ်အလာအရ အနီက နိုင်မှာ။
ဆရာဝန်ကတော့ ကျန်းမာရေးအတွက် အားသာမဲ့ အပြာကိုသာ မဲပေးပါတယ်။
အသက်ကြီးတဲ့ ဆရာဝန်ကတော်ကလည်း ကျန်းမာရေးအာမခံနဲ့ ဆိုရှယ်စစ်ကျူရတီ ခေါ် လူမှုဖူလုံရေးအလေးပေးတဲ့ အပြာကိုသာ မဲပေးပါတယ်။
အသက်ကြီးလာ အိုလာမှာ မဟုတ်သူတွေနဲ့ ရောဂါဘယကင်းနေသူတွေက အနီကိုသာ မဲပေးကြလိမ့်မယ်။
မနေ့က ညစာဖိတ်ကျွေးတဲ့အိမ်မှာ လူရွယ်တွေနဲ့ စကားပြောကြတယ်။
တယောက်ပြောပါတယ်။ တွေ့သမျှ မြန်မာပြည်ကနေလာနေသူတွေကတော့ အနီတဲ့။ အင်နယ်လ်ဒီ မဟုတ်ပါ။
တယောက်ကတော့ ပြောတယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်ပါတီကဖြစ်ဖြစ် ဒေါ်နယ်ထရမ့် မဟုတ်သူကိုသာ မဲပေးမယ်တဲ့။
မြန်မာပြည်ကလူတွေ ဘယ်မှာနေနေ အခုထိတော့ ကံမကောင်းကြသေးပါ။
ကံကောင်းတဲ့အချိန် ရောက်လာနိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment