(ကန်တော့)
မနေ့က တခုလပ်။ ကနေ့ မုဆိုးမ။ နိုင်ငံရေး မဟုတ်ပါ။
သူရဲကောင်းတယောက်ရဲ့ မုဆိုးမဖြစ်ရတာဟာ သူရဲဘောကြောင်သူရဲ့ မိန်းမဖြစ်ရတာထက် သာလွန် ကောင်းမွန်တယ်တဲ့ ဒေါ်လိုရီ အီဗာရုရီကပြောတာ။
ကျမဟာ ပျော်စရာကောင်းပြီး ပြည့်စုံတဲ့ဘဝတခုထူထောင်ဘို့ကြိုးစားနေမိတာ မှားတာပဲ။ ဘာလို့လဲဆိုတော့ ကျမရဲ့ နှလုံးသားက သေဆုံးသွားတဲ့ယောက်ျားရဲ့ရင်ထဲမှာ မြုပ်ထားပြီးခဲ့ပြီမဟုတ်လားတဲ့ ခရစ်စတိန် ဟုပ် မက်ဇိုလာကရေးတာ။
ကျွန်တော်တို့လည်း သူအရင်လား၊ ကိုယ်အရင်လားဆိုတာ စဉ်းစားမိကြ၊ စကားစပ်မိကြတာ သုံးလေးနှစ်လောက် ရှိပြီ။ ကျွန်တော်ဇနီးက သူအရင်သာဖြစ်ချင်တယ်လို့ ပြောဘူးတာကို ထည့်ရေးရမလား၊ မရေးပဲ ထားရမလားနဲ့ အခုစာ ရေးပါတယ်။
ဒီစာရေးတာ ၁၀ နှစ်တိတိ ကျွန်တော်တို့နှစ်ယောက် ဂုံနီအိတ်စွပ် သုံးချောင်းထောက် လျှောက်နေကြဆဲ။
ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၁၄
၂၈-၁၀-၂၀၂၄

Comments
Post a Comment