Skip to main content

တသက်လုံး

ဆရာရှင့် မြန်မာအဘိဓာန်မှာတော့ တစ်သက်လုံး ရေးထားပါတယ်ဆရာဘယ်ဟာက အမှန်လဲဆရာ

သတ်ပုံကျမ်းတွေ အများကြီးရှိပါတယ်

1. ၁၈၇၇ စတင်ထုတ်၊ ၂၀၀၆ ပြန်ထုတ် ယုဒသန် အင်္ဂလိတ် မြမ္မာ အဘိဓာန် တဝမ်းပူသတ်ပုံတွေ မှန်တယ်။

2. ၁၉၅၃ စိုက်ပျိုးဝန်ဦးသာမြတ် ပြုစုတဲ့ မြန်မာစာလုံးပေါင်း အဘိဓာန်ချုပ် ခေါ် မြန်မာစာရေးထုံးကျမ်း၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

3. ၁၉၅၄ ဆရာကြီး ဦးစံချစ်ပြုစုတဲ့ ပေါရာဏမြောက်မြားစွာပါရှိသော အဘိဓါန် ကဝိဓဇသတ်ပုံကျမ်း၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

4. စိုက်ပျိုးဝန် ဦးသာမြတ်ပြုစုတဲ့ မြန်မာစာရေးထုံးကျမ်း (၁၉၅၃) လည်း ကောင်းတယ်။

5. ၁၉၆၁ ဝဏ္ဏဗောဓနသတ်အင်း (ရှင်ဥက္ကံသမာလာ) ဦးတင်ဧ တည်းပြတ်၊ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

6. ကျော်အောင်စံထားဆရာတော်ပြုစုတဲ့ ဝေါဟာရတ္ထဒီပနီ ကောက်နုတ်ချက် (၁၉၆၉) 

7. ၁၉၇၈ မြန်မာအဘိဓာန် အကျဉ်းချုပ် က - စ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

8. ၁၉၇၉ မြန်မာအဘိဓာန် အကျဉ်းချုပ် ဆ - န တဝမ်းပူသတ်ပုံတွေ မှန်တယ်။

9. ၁၉၇၉ မြန်မာအဘိဓာန် အကျဉ်းချုပ် ပ - ယ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

10. ၁၉၈၀ မြန်မာအဘိဓာန် အကျဉ်းချုပ် ရ - ဠ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

11. ၁၉၈၀ မြန်မာအဘိဓာန် အကျဉ်းချုပ် အ တဝမ်းပူသတ်ပုံတွေ မှန်တယ်။

12. ၁၉၉၉ ခုနှစ် ပြန်ထုတ် ဦးဟုတ်စိန် ပါဠိ-မြန်မာ အဘိဓာန် တဝမ်းပူသတ်ပုံတွေ မှန်တယ်။

ဒေါက်တာတင့်ဆွေ

Comments