ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ကိုကိုချွဲတော့တယ်
ချစ်တာကိုလေ ပြောပြစမ်းချင်တယ်
ခင့်ယုံကွယ် ကျိန်စာမောင်ပြုပါမယ်
ကြိုက်တာကိုလေ ပြောပြစမ်းချင်တယ်
ခင့်ယုံကွယ် ကျိန်စာမောင်ပြုပါ့မယ်
ချစ်လို့ရယ် သက်ဆုံးပေါင်းဖို့ရွယ်
မောင်ရဲ့ အသည်းနှလုံးကို ခွဲပြချင်တယ်
အို လှသူဇာနွယ် ချောလဲ ချောပေတယ်
ချစ်ချင်ဖွယ် ကိုကိုရှောင်ရှား မရတယ်
တလိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ
့ကိုကို ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျိုခက်တော့မယ်
ချစ်မယ်ကြိုက်မယ်သက်လယ်
အတည်ပြောတာပါကွယ်
ခက်တယ် သက်လယ် မျက်ချယ်
ဘယ်သူများ ကြားက ဖျက်တယ်
ပြောပါ ခင်လေးရယ်
ခင်မင်တာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လတ် အသွယ်သွယ်
ကြင်နာတာတွေကွယ်
မေတ္တာရစ်ပတ် ကာရယ်
သစ္စာခက်လတ် အသွယ်သွယ်
ပြောပြခဲ့လို ယုံယုံကြည်ကြည်
ချစ်စေချင်တယ်
ချစ်စေချင်တယ်
မောင့်ကိုချစ်ရင် ပြောပါလားကွယ်
တလိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ကိုကို ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျိုခက်တော့မယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်
တလိမ်နှစ်လိမ်
ပွေလိမ်ရှုပ်တယ် လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ယုံအောင် ချွဲတော့တယ်
လိမ်တယ်ညာတယ် လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ်
ပစ်လို့သွားရင် ပျိုပျိုခက်တော့မယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကျတော့ ရှင်လယ်
ခင်ရယ် ယုံပါကွယ်။ ။
တလိမ်နှစ်လိမ် (ရေး စန်းသော်တာ၊ ဆို မောင်တင်မောင် + ခင်နှင်းရီ) https://www.youtube.com/watch?v=b3Y9W2QGzFQ
Dr. တင့်ဆွေ
Comments
Post a Comment