ကျွန်တော် မြန်မာပြည်မှာ မွေးတယ်။
နိုင်ငံရေးနဲ့ တိုင်းပြည်ကနေ ထွက်ပြေးရလို့ အိန္ဒိရောက်တော့ ၁ နာရီတိတိ နောက်ကျသတဲ့။
နယူးဒေလီကနေ ထိုင်းနိုင်ငံကိုရောက်ပြန်တော့ နာရီဝက် ရှေ့ရောက်ပြန်ပါသတဲ့။
ဒေလီပြန်လာတော့ ဒုံရင်းဒုံရင်း။
အမျိုးမျိုးသော အရေအတွက်လည်း များသော ဟိုနိုင်ငံ ဒီတိုင်ပြည်တွေဆီ သွားလာရပြန်တော့ လက်ပတ်နာရီကို ခဏခဏရှေ့ရွှေ့လိုက် နောက်ပြန်လိုက်ရ။
ဒေလီနေအိမ်ကို ပြန်လာတော့ ဒုံရင်းဒုံရင်း။
၂၀၁၈ ခုနှစ်က မြန်မာပြည်ကိုအလည်ရောက်တာ့ ဖုန်းထဲကနာရီက အလိုလိုပြင်သွားတယ်။ ကျေးဇူး။
အခုနေတဲ့အရပ်မှာ ၂၀၂၄ ခုနှစ်ရဲ့နောက်ဆုံးရက်။
မွေးဇာတိ မြန်မာပြည်မှာ ၂၀၂၅ ထဲရောက်နေပြီ။ အိမ်ကနာရီထက် ရန်ကုန်ကနာရီက ၁၁ နာရီခွဲ စောတယ်။
အများသုံးပြက္ခဒိန်နဲ့ ဇာတာသက် တွက်ရင် ကျွန်တော့အသက် တနှစ်ကွာမယ်။
သို့သော် ကျွန်တော်သည် ကျွန်တော်သာဖြစ်ပါ၏။
မုံရွာနဲ့ မန္တလေးစတဲ့မြို့တွေမှာနေကြတဲ့ အမျိုးတွေ သူငယ်ချင်းတွေသည် အမျိုးတွေ သူငယ်ချင်းတွေသာဖြစ်ကြကုန်၏။
နာရီသည် နာရီသာဖြစ်ပါ၏။
၂၀၂၅ သည်လည်း ၂၀၂၅။
2025 - The World enslaved by a Virus (2021) - IMDb
ဒေါက်တာတင့်ဆွေ
Comments
Post a Comment