ဆရာပါ ဘန်းစကားတွေ တတ်နေပြီတဲ့။
ဟုတ်။
လက်ထဲမှာ လှသမိန်ရေးတဲ့ ဘန်းစကားစာအုပ်တအုပ် ရှိတယ်။
ကနေ့ ဆိုရှယ်မီဒီယာက စကားလုံးတွေတော့ တလုံးမှ မပါ။
ဟိုတနှစ်က ရန်ကုန်က ရင်းနှီးလာတဲ့ ဖေ့စ်ဘွတ်ဖရင်း မိန်ကလေးတယောက်က ဆရာ ခေတ်စကားတွေ သင်ပေးရမလားတဲ့။
အခမဲ့ ကျူရှင်းပေးတယ်။
နေပါစေကွာ။
ဖေ့စ်ဘွတ်မှာ အတော်များများက အတော်ဆဲကြတယ်။
မဆဲတဲ့သူတွေလည်း ဆဲနည်းတော့ သိကြပါတယ်။
လောကကြီးမှာ သင်စရာလိုတာနဲ့ သင်ယူစရာမလိုတာလို့ ရှိတယ်။
ပါးစပ်ကအသံနဲ့ မထွက်တိုင်း ဒီပညာရပ်ကို မတတ်ဘူးမထင်ပါနဲ့။
လက်ကနေမရေးတိုင်းလည်း လူနုံလူအလို့ မမှတ်ပါနဲ့။
ဆဲနည်းထုတ်ကြွားသူတွေနဲ့ ခေတ်စကား နှုတ်ဖျားကမချသူတွေဟာ အဋ္ဌမမြောက် မသူတော်။
မသူတော်ခုနစ်ပါး
တောက်တဲ့၊
ဇီးကွက်၊
ရွှေပြည်စိုးငှက်၊
ယောက်ဖခွေးခေါ်ငှက်၊
တစ်တီတူး၊
ဥဩငှက်၊
ဘုတ်ငှက်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment