၁။ သူဌေးမကြီးကိုတောင်
သူဌေးမကြီးကို တောင်
၂။ ဆိတ်ပဲရမည်
ဆိတ်ပဲ ရမည်
၃။ ပြည်ပလာတာ
ပြည် ပလာတာ
၄။ မြန်မာပြန်မယ်
မြန်မာပြည် ပြန်မယ် (ဘာသာပြန်တာ မဟုတ်ရင်)
၅။ ကြက်ကချင်ချက်
ကြက် ကချင်ချက်
ပုံအတွက် ကျေးဇူး။
အင်္ဂလိပ်လိုရေးတော့ Kachin Chicken Curry လို့ တလုံးနဲ့ တလုံးကို ခြာရေးပါတယ်။
မြန်မာစာနဲ့ ရေးတာမှာလည်း ခြာသင့်တဲ့နေရာတွေမှာ ခြာရေးရတယ်။ ပုဒ်မ၊ ပုဒ်ထီးတွေကို လိုတဲ့နေရာတွေမှာ ထည့်ရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment