တင်ထားတာတခု = ငါးထောပါတ်။
ထောပတ်လို့ ရေးရ။
ထောပနာ – န /ထောပနာ/ ထောမနာ – န၊ ရှ။ “ပရိသတ်ကြီးမှာ အထူးဆူညံလျက် ကောင်းချီးဩဘာ ထောပနာ ပြုကြလေသည်။” မြန်ချွန်။ ၂၁၄။ [ပါ]
– ကြိ /ထောပနာ/ ထောမနာ – ကြိ၊ ရှ။ “သောင်းပြောင်းထွေလာ ပရိသတ် ထောပနာ အောင် ဟောကာပြောကာနှင့်။” ကိုးဆူ။ ၁၉၃။ [ပါ]
ထောပေး – န /ထောပေး/ နို့မဲးကို ဒလက်တံနှင့် လှည့်၍ အထက်သို့ တက်လာသော အဆီခဲ။ ဆီဦး။ မလှိုင်။ “နွားနို့ ဃနာ၊ သကာဖျော်မွှေး၊ ထောပေး ထောပတ်၊ နှမ်းချွတ်ဆီကြည်၊ ဆုံငယ်ရည်နှင့်။” ကိုး* ၁၇ဂ။
ထောပတ် – န /ထောပတ်/ ထောပေးကိုချက်၍ ရေနှင့် ဒိန်ခဲတို့ အောက်၌ထိုင်သောအခါ အထက်တွင် တည်ရသော အဆီ။
ထောပတ်ပဲ – န /ထောပတ်ပဲ/ ပဲကြီးစေ့ထက် အနည်းငယ် ကြီးသော ပဲစေ့ခြောက် အဖြူတမျိုး။
ထောပတ်သီး¹ – န /ထောပတ်သီး/ မှည့်သောအခါ အပြင်ခွံအညိုရောင်ရှိ၍ အတွင်းသား ထောပတ်အသွင်ရှိသည့် စားရသော အသီးတမျိုး။
ထောမနာ – န /ထောမနာ/ ချီးမွမ်းခြင်း။ (ထောပနာ ဟုလည်း တွေ့ရသည်။) “နားဝယ်ချမ်းချမ်း၊ ချီးမွမ်း ထောမနာ။” ကိုး* ၆။
– ကြိ /ထောမနာ/ ချီးမွမ်းသည်။ “ဝမ်းလည်းရွှင်စွာ၊ ထောမနာ၏။” သီလဝ* ၃။ [ပါ]
ပတ်
ကမ္ပတ်အိမ်၊
ကြိုးနဲ့ပတ်၊
ကွေ့လည်ကြောင်ပတ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ်တာ၊
တနှစ်ပတ်လုံး၊
တသက်ပတ်လုံး၊
တာလပတ်၊
ထောပတ်၊
ပဋ္ဋိပတ်၊
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ်တမွား
ပတ္တရောင်လှည့်၊
ပတ်တလား
ပတ်တာ (တံခါး)
ပတ်တာခံ
ပတ္တာမြေ
ပတ်တူစ
ပတ္ထနာဆုတောင်း
ပတ်ကြမ်းတုတ်
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်ခြံ
ပတ်ခြောက်က
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်မကြီး
ပတ်မြှောင်
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်
ပတ်သက်
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လည်ပတ်ပုဝါ၊
လျောက်ပတ်တင့်တယ်၊
လုံးပတ်ပင်စည်၊
ဝေ့လည်ကြောင်ပတ်၊
သမာပတ်၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
အကြောင်းဗျုပ္ပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
ဥပပတ်၊
ပါတ်
ဇာတ်နိပါတ်တော်၊
တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။
နိပါတ်ပုဒ်၊
ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊
ပါဏာတိပါတ်၊
ပိဏ္ဍပါတ်၊
သန္နိပါတ်၊
ဒေါက်တာတင့်ဆွေ


Comments
Post a Comment