Skip to main content

ဆိတ်ပဲရမည်

ပုံအတွက် ကျေးဇူး။

ရေးထာတဲ့စာကို အသံထွက်ဖတ်နည်းမတူရင် ဆိုလိုချက်လည်း မတူတာ ဖြစ်နိုင်တယ်။

ဆိတ်ပဲ ရမည် = ဆိတ်သားနဲ့ပဲ ရောချက်တာ ရမည်။

ဆိတ် ပဲရမည် = ဆိတ်တမျိုးတည်းသာ ရမည်။

မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံသာ မကပါ အလေးထားစရာတွေ များတယ်။ အသံထွက်၊ လေယူလေသိမ်း၊ အသံအနိမ့်အမြင့်၊ အဖြတ်အတောက် စတာတွေ။

လေ့လာလေ မကုန်နိုင်လေ။

မြန်မာစာက စိတ်ဝင်စားစရာတွေနဲ့အတူ ထူးခြားကောင်းမွန်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments