- ကခူရံ ၆၀သါးကောင်တွေရပါမယ်
ကကူရံလို့ ရေးရတယ်။
- ကခူရံအကောင်ကြီးကြီးလေးနော်
ကကူရံလို့ ရေးရတယ်။
- ကတ်ခုရံ
ငပုတ်(ငပုပ်) စစ်စစ် ၃ ကောင်ရပါ့မယ် ငပုတ်ခြောက် ကြိုက်သူများ မြန်မြန်လေးသာ
ဖုန်းခေါ်လိုက်တော့နော်
ကကူရံ၊ ငပုပ်၊ ငပုပ်ခြောက် လို့ ရေးရတယ်။
- ကပ်ကူယံ
ငပုပ် အသား သီးသန့် တဆယ်သား 10000 အသားပါး
ကကူရံလို့ ရေးရတယ်။
- ကပ်ကူယံငပုပ်ခြောက်အကောင်လိုက်
တပိသာ 75000 အသားပါး
ကကူရံလို့ ရေးရတယ်။
- ကပ်ခူရံခြောက်
ရောက်ပါတယ်
ကကူရံလို့ ရေးရတယ်။
- ကျွဲရင်းကက္ကူရံငပုတ်
(ငပုပ်) စစ်စစ်ပါ
ကကူရံလို့ ရေးရတယ်။
- ဒီနေ့တော့
ကတ္တတစ်လေးကောင် ဈေးကဝယ်လာတယ်။
ကကတစ်လို့ ရေးရတယ်။
ကကတစ်၊
ကကူရန် မှန်အောင်ရေးတာ ရှားတယ်။ မြန်မာအဘိဓာန်အကျဉ်းချုပ် (၁၉၇၈) မှာ ကကူရံလို့
ရေးတယ်။
ကကုရံသည်
ပင်လယ်ငါးမျိုး ဖြစ်၍ ရခိုင်ပြည်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင်ဟု၎င်း
တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ
ကကုရံသည် ငပုဏ္ဏားနှင့် အတူ “ပေါ်လီနီမီဒို” မျိုးရင်းတွင် ပါဝင်၍
ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့် အရောင်းတွင်ကျယ်လေသည်။
ကုကုရံသည် ခြောက်ပေ ကျောက်ကျောက်အထိ ရှည်နိုင်သည်။ နှာယောင်ပွ၍ ဝိုင်းသည်။
မျက်လုံးကြီးသည်။ ပါးစပ်ကြီး၍ ပါးစပ်နက်သည်။ ကျောဆူးတောင် နှစ်ခါပါ၍
ထင်ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုးဖြစ်သည့် အကြေးများမှာ သေးငယ်၍
ထောင်လိုက်ပေါက်သော ဆူးတောင်ဖျားမှာ အစိမ်းနှင့် ရောစပ်ထားသော အရောင်မျိုးဖြစ်၍
ကိုယ်နံဘေးနှင့် ဝမ်းပိုက်ပိုင်းတွင် ဖြူဝါရောင်သို့ ပြောင်းသွားသည်။ ကျောနှင့်
အမြီးဆူးတောင်ထိပ်ဖျားတို့မှာ မည်း၍ သေးငယ်သော အမည်းပြောက်ကလေးများပါသည်။
ဝမ်းနှင့် စအိုဆူးတောင်တို့၏ အနားတလျှောက်မှာ အဝါနုရောင် သန်းနေ၏။
ပါးဟက်ဖုံးပေါ်တွင် အမည်းကွက် တခုစီပါရှိသည်။ ကကုရံကို အဆိပ်အတောက်ကင်းသည်ဆိုကာ
လူဖျားလူနာများ စားသုံးနိုင်သော ငါးမျိုးစားရင်းတွင် ထည့်သွင်းထားသည်။ ကကုရံကို
မြန်မာနိုင်ငံပင်လယ်မှာ အမြောက်အမြား ဖမ်းဆီးရမိလေ့ရှိသည့်အတိုင်း၊ လတ်လတ်
ရောင်းချရန်ထက် ပိုလျှံနေသော ငါးများကို ငါးပုပ်ခြောက်များ ငါးခြောက်များ ပြုလုပ်၍
စားသောက်လေ့ရှိကြသည်။ (မြန်မာ့စွယ်စုံကျမ်း)
ဒေါက်တာတင့်ဆွေ
ငပတ်
ငပုပ် ကကူရံ ကသပေါင်း ကကတစ် ငတန် တီလားပီးယား https://burmese-spelling.blogspot.com/2024/12/blog-post.html
ကကူရံ
ငပုပ်ခြောက် https://burmese-spelling.blogspot.com/2022/12/blog-post_903.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment