မပြုံးတပြုံ့ ပြုံးတပြုံ့၊
မထုံး တထုံ့ မင်ကေသီ၊
မဖုံး တဖုံ့ ရွှေထဘီဝယ်၊
လျှံနေခြည်ရောင် လဲ့ပြောင်ဝင်း။
လှမျိုးသေတ္တု တပွင့်ရွှေငယ်၊
ခင်ခင့်အမေ မွေးတတ်လိုက်လေခြင်း။ ။
သောင်းခွင်လေးရပ် ခရိုင်ဘူမှာ၊
ပြိုင်သူဘက်ကွာ စံရှာကင်း၊
ခိုင်မဉ္ဇူ ခက်ညှာ မာလာမင်းသို့၊
ပဉ္စာအဆင်း ပြစ်မဲ့စင်။
သမိုင်းရွှေစာ တင်ယူကုံးလောက်ကဲ့၊
ယဉ်လုံး ယဉ်မျာ့း ..
ယဉ်ဆုံး ယဉ်ပ ယဉ်မှူးကေကျော့ခင်။ ။
လေးယောက် ခြောက်ကျိပ် ပဒုံစင်ကို၊
တဂုဏ်ယှဉ်လျှင် သာဟန်ကြူးပါလိမ့်၊
ဝေယံ ဘုံမှူး သမိံပါ၊
နှင်းဆက်လိမ့် ပဏ္ဏာ…။
ယဉ်ကျေး မူရာ့ .. သွင်သွေး ရူပ ..
ခင်လေးသူဇာ့ သိမ်မွေ့သာသည်၊
ဣနြေ္ဒ့ မာယာ အိုများပါဘိလေး။ ။ (ဇော်ဂျီ)
(ရှေးစာကဗျာများ)
ဒီကဗျာကို ပေါ်လစီသတ်ပုံတွေနဲ့ ပြင်ရေးလို့ကတော့ သရော်စာဖြစ်သွားမယ်။
Beautiful Sexy Woman Bronze Female Statues - Mily Bronze Foundry
ဒေါက်တာတင့်ဆွေ
Comments
Post a Comment